အုပ်ထိန်းသူမသိဘဲ နေအိမ်မှထွက်ခွာလသူ ဘားအံမြို့နယ်နေ အမျိုးသမီးငယ် (၂)ဦးအား ဘားအံမြို့မရဲစခန်းမှဆက်သွယ်အကြောင်းကြား သဖြင့် ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေကာ အုပ်ထိန်းသူထံ ပြန်လည်အပ်နှံ


ရန်ကုန်၊ ဇူလိုင် ၂၅

၂၄.၇.၂၀၁၆ ရက်နေ့ ၀၇၀၀အချိန်တွင် ဘာအံမြို့နယ်နေသူများဖြစ်သည့် မ----- 
(၁၆)နှစ်နှင့် မ----(၁၆)နှစ်တို့ (၂)ဦးသည် အုပ်ထိန်းသူများမသိဘဲ
နေအိမ်မှထွက်ခွာ၍ ဒလမြို့နယ်၊ ဗညား ဒလရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ
တည်းခိုးခန်းတွင် ရောက်ရှိတည်းခိုးနေထိုင်လျက်ရှိကြောင်း ဘားအံမြို့မ
ရဲစခန်းမှ ဒလမြို့မရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားလာ
ခဲ့ပါသည်။

ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၀၇၁၅ အချိန်တွင် အဆိုပါ
တည်းခိုခန်းသို့ သွားရောက်စုံစမ်း ခဲ့ရာ သတင်းပါ အမျိုးသမီးငယ်(၂)ဦးမှာ 
၎င်းတည်းခိုခန်းတွင် တည်းခိုနေထိုင်လျက် ရှိကြောင်း တွေ့ရှိရသဖြင့်
ထိန်းသိမ်းစောင့်ရှောက်ရန် ရဲစခန်းသို့ခေါ်ဆောင်လာခဲ့ပြီး ဘားအံမြို့မ
ရဲစခန်းသို့ ၀၈၀၀ အချိန်တွင် ဆက်သွယ်အကြောင်းကြားခဲ့ရာ
အမျိုးသမီးငယ် (၂)ဦးအားအဖွားဖြစ်သူမှ လာရောက်ခေါ်ဆောင်မည်
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းနေ့ ၁၅၀၀ အချိန်တွင် ဒလမြို့မရဲစခန်းသို့ အဖွားတော်စပ်သူ
ရောက်ရှိလာသဖြင့် အမျိုးသမီးငယ် (၂)ဦးတို့အား အုပ်ထိန်းသူအဖွားထံ
ပြန်လည်အပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
Powered by Blogger.