တူရကီအာဏာသိမ်းမူကျရှုံးသွားပြီးနောက် သမ္မတအာဒိုဂန်ကို ထောက်ခံသူများကဆန္ဒပြ


****************************************

အန်ကာရာ၊ ဇူလိုင် ၁၇

စစ်တပ်ကအာဏာသိမ်းမှုကို အာဏာပိုင် များက ဖြိုခွင်းလိုက်ပြီးနောက် တူရကီသမ္မတ ရီဆက်ဖ်တေယက်အာဒိုဂန်အား ထောက်ခံသူ ထောင်ပေါင်းများစွာတို့သည် ဆန္ဒပြခဲ့ကြ သည်။ အာဏာသိမ်းမှုတွင် လူ ၂၆၅ ဦး သေ ဆုံးခဲ့ရသည်ဟု ဆိုသည်။ အာဒိုဂန်သည် သူ၏ ၁၃ နှစ်ကြာအုပ်ချုပ် ပြီးနောက် သွေးထွက်သံယိုမှုအများဆုံး စိန် ခေါ်မှုကို ဖြေရှင်းခဲ့ရသည်။ အစ္စတန်ဘူလ် မြို့တွင် အာဒိုဂန်က အောင်မြင်သည့်ပုံစံဖြင့် မိန့်ခွန်းပြောခဲ့ရာ ထောက်ခံသူများက တူရကီ အလံကို လှုပ်ယမ်းပြခဲ့ကြသည်။ လူဦးရေ သန်း ၈၀ ရှိသော နေတိုးအဖွဲ့ဝင်နိုင်ငံတွင် သောကြာနေ့အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မငြိမ်မသက်ဖြစ်ခဲ့ရသည်။

အာဏာပိုင်များက အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံရောက် မူဆလင်တရားဟော ဆရာ ဖက်သူလာဂူလန်အပေါ် အပြစ်ပုံချခဲ့ကြ သည်။ ဂူလန်သည် အာဒိုဂန်၏ ရန်သူဖြစ် သည်။ လျှို့ဝှက်လုပ်ကြံမှုမှာ ကျရှုံးခဲ့ရာ စစ် သား ၂၈၃၉ ဦး အဖမ်းခံခဲ့ရသည်။ ကမ္ဘာတစ် ၀န်းကလည်း ဤအာဏာသိမ်းမှုမှာ ဒဏ်ပြန်ခံ ရမှုအဖြစ် ရှုမြင်ခဲ့ကြသည်။

နံနက်မိုးလင်း၍ တူရကီနိုင်ငံသားများ ရုပ်သံဖွင့်၍ကြည့်ခဲ့ကြရာ စစ်သားတချို့ ခေါင်း ပေါ်သို့လက်တင်ကာ ဖမ်းဆီးခံနေရသည်ဟု ဆိုသည်။ တူရကီဝန်ကြီးချုပ် ဘီနာလီ ယဲလ်ဒီ ရမ်က ၎င်းင်း၏ အန်ကာရာရုံးအပြင်ဘက်၌ ပြောကြားရာတွင် အားလုံးကိုထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ တူရကီ၏ထိပ်တန်းဗိုလ်ချုပ် ကြီးမှာ သူ့ကိုယ်သူ အာဏာသိမ်းသူများထံ၌ ဓားစာခံအဖြစ် အဖမ်းခံခဲ့ရသည်ဟုဆိုသည်။

ဤအာဏာသိမ်းလုပ်ရပ်မှာ တူရကီဒီမို ကရေစီဖြစ်စဉ်၌ ပယ်ဖျက်၍မရသော အစွန်း အထင်းဖြစ်ကြောင်း ယဲလ်ဒီရမ်က ပြောခဲ့သည်။ စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ဟူလူဆီအက္ကာ အား ပုန်ကန်သူများက ဓားစာခံအဖြစ် ဖမ်း သွားပြီးနောက် ဗိုလ်ချုပ်ကြီး ယူမစ်ဒန်ဒါကို ယာယီဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့သည်။ အာဏာ သိမ်းရန် ကြံစည်သူ ၁၀၄ ဦးသေဆုံးခဲ့ပြီး အ ခြားသေဆုံးသူ ၁၆၁ ဦးရှိခဲ့ရာ စုစုပေါင်းသေ ဆုံးသူ ၂၆၅ ဦးနှင့် ဒဏ်ရာရသူ ၁၄၄၀ ရှိ သည်ဟု သိရသည်။ 
အာဏာသိမ်းသူများက အရေးပေါ်ဥပ ဒေထုတ်ကာ အစိုးရကိုထိန်းသိမ်းရန် ကြိုးစား ခဲ့ကြသည်။ စနေနေ့ကလည်း အာဒိုဂန်၏ တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) က အာဒိုဂန်ကိုထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။

သောကြာနေ့ညက အာဏာသိမ်းသူတို့ ၏ တိုက်လေယာဉ်က အန်ကာရာမြို့ လူနေ အိမ်ခေါင်မိုးအနီးမှ ပျံသန်းနေခဲ့ပြီး၊ တင့်ကား များက လမ်းပေါ်၌ရှိနေခဲ့ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ သူပုန်လေယာဉ်များဗုံးကြဲ ၍ ပါလီမန်တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ ရသည်။ သူပုန်များသည် အစ္စတန်ဘူလ်မြို့ရှိ ဘိုစကိုရပ်ရေလက်ကြားဖြတ် တံတားနှစ်ခု ကိုလည်း သိမ်းထားခဲ့ကြသည်။

တူရကီအာဏာသိမ်းပွဲပြီးနောက် ပါဝင် သူအားလုံးကို စိတ်ထိန်းရန်လိုအပ်ကြောင်း အမေရိကန်သမ္မတဘားရက်အိုဘားမားက ပြော ခဲ့သည်။ အာဏာသိမ်းမှုတွင် ဖွဲ့စည်းပုံအခြေခံ တရားရုံးမှ တရားသူကြီးတစ်ဦး ဖမ်းဆီးခံခဲ့ ရပြီး တရားသူကြီး ၂၇၄၅ ဦးကိုလည်း မေး မြန်းခဲ့သည်ဟု သိရသည်။အမေရိကန်နိုင်ငံ၌ရှိနေသော တရား ဟောဆရာ ဂူလန်က ဤအာဏာသိမ်းပွဲမှာ ၎င်းင်းနှင့်မပတ်သက်ဟု ကြေညာခဲ့သည်။

Ref: Bangkok Post

#Democracytoday

Website Link - http://goo.gl/nVKO2M
Powered by Blogger.