ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာန ကြွက်များသောင်းကျန်း၍ ကြောင်တစ်ကောင်ကို အလုပ်ခန့်


 ကြွက်နှိမ်နင်းရေး အထူးအရာရှိတစ်ယောက်ကို
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီးဌာနရုံးက ခန့်အပ်လိုက်ပြီး အဲဒါကတော့ ကြောင်တစ်ကောင်ပါပဲ။ ဂလတ်စတုန်း လို့ အမည်ရတဲ့ ဒီကြောင်ဟာ ဗြိတိန်အစိုးရကို ကြွက်တွေရန်က စတင်ကာကွယ်နေပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရုံးနဲ့ နိုင်ငံခြားရေးရုံးတို့မှာလည်း ကြွက်ရန်ကြောက်လို့ ကြောင်တွေထားရပါတယ်။ လယ်ရီလို့ အမည်ရတဲ့ ကြောင်ဟာ ဝန်ကြီးချုပ်ရုံးမှာ ရှိပြီး ပယ်မာစတန် ကလည်း နိုင်ငံခြားရေးဝန်ကြီးရုံးမှာ အလားတူတာဝန်တွေ ထမ်းဆောင်နေပါသတဲ့။ “ ဟယ်လို၊ ကျွန်တော်ဟာ ဘုရင်မကြီးရဲ့ ဘဏ္ဍာရေးဌာနက နေရာသစ်ကို စပြောင်းလာပါပြီ။ သူတို့ရဲ့ ကြွက်ပြဿနာကို ကျွန်တော် ကိုင်တွယ်မှာ ဖြစ်ပါတယ်” ဆိုပြီး instagram က ကြွက်နှိမ်နင်းရေး အရာရှိ စာမျက်နှာမှာ ကြောင်အရာရှိပုံကို တင်ပြီး ရေးထားပါတယ်။ ကြောင်ကြီး ဂလတ်စတုန်းကို ဘတာဆီး ခွေးနှင့် ကြောင် ဂေဟာကနေ ခေါ်ယူမွေးစားထားတာ ဖြစ်ပါတယ်။

Ref: UPI

The voice


Powered by Blogger.