ကာဇက်စတန်မှာ ပစ်ခတ်မှုဖြစ်၊ ရဲ ၂ဦးသေဆုံး
—————————–
သတင်းတို
အာရှအလယ်ပိုင်းနိုင်ငံတခုဖြစ်တဲ့ ကာဇက်စတန်နိုင်ငံရဲ့ စီးပွားရေးမြိုတော် Almaty မြို့မှာ ယနေ့ သေနတ် တဦး ရဲ့ လက်ချက်နဲ့ ရဲ ၂ဦးနဲ့ အရပ်သားတဦး သေဆုံးသွားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ မသင်္ကာသူ လူတဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ကာဇက်စတန်အမျိုးသားလုံခြုံရေး ကော်မတီကတော့ အဆိုအကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ အကြမ်းသမားများ အန္တရာယ်နဲ့ ပတ်သက်ပြီး အနီအဆင့် သတ်မှတ်လိုက်ပြီး၊ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှေးဆန်ပြီး အယူအဆပြင်းထန်တဲ့ မွတ်ဆလင်အုပ်စုတွေကို အပြစ်တင်လိုက်ပါတယ်။
မျက်မြင်သက်သေတွေကတော့ Almaty မြို့လယ်ဧရိယာ တော်တော်များများမှာ သေနတ်သံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။
Credit :
http://mobile.irrawaddy.com/short-news/2016/07/18/118660.html