ကလေးကျောင်းပို့သွားရာမှ ဖခင်ဖြစ်သူ ချောင်းအတွင်း ရေနစ်သေဆုံး
=======================
စေတုတ္တရာမြို့နယ်ရှိဆီမီးချောင်းအတွင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဇူလိုင်၁၅ရက်က ဖြစ်ပွားခဲ့ကြောင်း စေတုတ္တရာမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ စေတုတ္တရာမြို့ ဆီမီးချောင်းအတွင်း လူတစ်ဦး ရေနစ်သေ ဆုံးကြောင်း သတင်းအရ စေတုတ္တရာမြို့မရဲစခန်းမှ ဒုရဲအုပ်ညီညီထွန်း သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာမြင့်နိုင်၊ အမှတ်(၁)ရပ်ကွက်၊ စေတုတ္တရာမြို့နေ သူဖြစ်ကြောင်း သိရှိရပြီး ၎င်း၏ဇနီး ပြောပြချက်အရ အဆိုပါနေ့ နံနက် ၈ နာရီအချိန်က သားဖြစ်သူ မောင်သူရနိုင် အား စေတုတ္တရာမြို့၊ အ.လ.က(၁)ကျောင်း သို့ ကျောင်းသွား ပို့ရန် နှင့်ဈေးဝယ်ရန်ထွက်သွားခဲ့ပြီး အပြန်တွင် အရက်သောက် စားမူးယစ်ပြီးပြန်လာရာ မှ ချောင်းအားဖြတ်ကူး စဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေးချက်အရသိရသည်။
ယင်းအမျိုးသားသေဆုံးမှုနှင့် ပက်သက်၍ ဒုရဲအုပ်ညီညီထွန်းမှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ် ၂/၂၀၁၆ ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။
Credit>>>ရတနာပုံ သတင်းစာ