အမျိုးသမီးတွေကို လိမ်ညာ လက်ထပ်ခဲ့တဲ့ ဗိုလ်မှူး 


***************************************
16.7.2016
ထိုင်းနိုင်ငံ နုံထဘူရီ က Bang Nam မြို့ နယ်အတွင်းမှာ ဗိုလ်မှူး ဖါခင် ကျကဘတ် ဆိုသူနေထိုင်နေတဲ့ တိုက်ခန်းကို ထိုင်းတပ်ရင်းအမှတ်(၇)နဲ့  ရဲတပ်ဖွဲ့ ဝင်တွေက ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

ဖါခင်ဟာ ထိုင်းဝင်ကြီးချုပ်နဲ့  အတူတွဲရိုက်ထားတဲ့ ပုံကို ဖြတ်ညှပ်ကပ်လုပ်ပြီး သူဟာ တာဝန်ကြီးကြီးမာမား ထမ်းဆောင်နေရသူ ဗိုလ်မှူးတဦးဖြစ်ပါတယ် လို့ မိန်ခလေးတွေယုံကြည်အောင်လိမ်ညာပြောပြီး လက်ထပ်ခဲ့တာဟာသူ နဲ့ တရားဝင် လက်ထပ်ထားတဲ့ အမျိုးသမီး တင် လေးဦးရှိနေပါတယ်။

မနက်ပိုင်းမှာ စစ်ဝတ်စုံနဲ့  ရုံးတက်တဲ့ ပုံစံပြပြီး ဓါတ်ဆီဆိုင်မှာ ဆီလာဖြည့်တဲ့ သားကောင် သူဌေး မလေး တွေကို ကော်ဖီဆိုင်ကနေ ထိုင်စောင့်ပြီး မိတ်ဆွေဖွဲ့ ပါတယ်၊ ဒီလိုနဲ့ ရီးစားတွေ တယောက်ချင်း ပြောင်းရင်း.. မယားလေးယောက်ကိုလည်း ပေါင်းသင်းနေတာ လေးနှစ်ကျော်ရှိနေပါပြီ၊ 

တရားဝင်ယူထားတဲ့မိန်းမတွေရဲ့ မိသားစုဆီကနေ ရာထူးတိုးဖို့  အထက် လူကြီးတွေကို လဒ်ပေးရမယ်ဆိုပြီး ငွေလိမ်တောင်းနေခဲ့တာပါ။

တာဝန်ကြီးမားတဲ့ သူဖြစ်တော့ ခရီးထွက်ရ အလုပ်တွေများလို့  မိန်းမတွေ အိမ်ပြန်မလာနိုင်တာ လနဲ့ ချီရှိခဲ့လည်း အမျိုးသမီးအားလုံးက သံသယ မ၀င်ကြပါဘူး၊ဒီလိုနဲ့  မိန်းမအိမ်တွေ လှည့်ပါတ်ပေါင်းသင်းနေခဲ့ပါတယ်။

နောက်ဆုံး သူဌေးသမီးတစ်ဦးနဲ့  လက်ထပ်ယူခဲ့ပြီး ဘတ်ငွေ (၇)သန်းကို မိန်းမမိဘတွေဆီက လိမ်ညာတောင်းခဲ့တဲ့ အမှု ပေါ်သွားခဲ့ပါတယ်၊ ဖါခင်အဖမ်းခံရတော့မှ လူလိမ်ဆို တာ ဇနီးတွေက သိသွားခဲ့ပါတယ်။

(SAW)
Powered by Blogger.