အမြန်လမ်းမကြီး ၉၇ မိုင်အနီးတွင်စေတမန်ကား တိမ်းမှောက်ရာမှအမျိုးသမီးနှစ်ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရ
--
ဇူလိုင် ၁၅ ရက် ည ၁၀ နာရီခန့်ကပဲခူးတိုင်း
ဒေသကြီးကျောက်တံခါးမြို့နယ်အမြန်လမ်းမကြီး
၉၇ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအနီးတွင် ရန်ကုန်မှတောင်ငူသို့ထွက်ခွာလာသည့်
ယာဉ်အမှတ် 6E/8360 စေတမန် ခရီးသည်တင် မှန်လုံကားတစ်စီးလမ်းမနဘေး မြေသားပေါ်သို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးအမျိုးသမီးနှစ်ဦး
သေဆုံးကာ ကျား ၁၃ ဦး မ ၁၂ ဦး၊စုစုပေါင်း ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မြို့ချောင်းအမြန်လမ်းရဲစခန်းက ည ၁၂ နာရီအချိန်
ကနဦးသတင်းအရသိရပါတယ်။
တစ်ဦးက အခင်းဖြစ်နေရာမှာသေတာဖြစ်ပြီး
တစ်ဦးကမြို့ချောင်းဆေးရုံရောက်မှသေတာဖြစ်ပါ
တယ်။ သေဆုံးသူတွေဟာဘယ်သူမှန်းမသိရ
သေးသလို၊ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့လည်း
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးချင်းထွက်ပြေး တိမ်းရှောင်သွားတယ်လို့သိရပါတယ်၊
ဇော်ဝင်းချစ်(တောင်ငူ)
၁၆.၇.၂၀၁၆
#တောင်ငူသတင်းပုံရိပ်များ