ဆိုင်ကယ်ကို ရှောင်လိုက် သည့်. တွဲကား လမ်းဘေးထိုးကျ
***************************************
ပျဉ်းမနားမြို့ ရှောင်လမ်း နှင့် သကြားစက် လမ်းလေးခွ လမ်းဆုံတွင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် တွဲကားတစ်စီး မှ မြို့ ရှောင်လမ်းပေါ်သို့ တက်လာသည့် ဆိုင်ကယ်အား ရှောင်တိမ်းလိုက်ရာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး လမ်းမီးတိုင် တစ်တိုင်ကျိုးကျခဲ့ကာ လူတစ်ဦးတစ်ယောက်မျှ ကြီးမားစွာ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည် ။
" လမ်းပေါ်ဖြတ်တက်လာတဲ့ ဆိုင်ကယ်ကိုရှောင်လိုက်ရင်းနဲ့ ကားကြီးက လမ်းဘေးထိုးကျသွားတာ " မျက်မြင်တွေ့ ရှိသူ ကိုဖြိုးကိုကို က ပြောသည်။
Mizzima
ဓာတ်ပုံ-နေသာ