တရုတ်ဝန်ကြီးချုပ် လီခေါ့ချန် ဗီယက်နမ်၊ လတ်ဗီးယား၊ လာအို မှ ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံသွားမည်
**********************************
15.7.2016
တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီခေါ့ချန်သည် နှစ်ရက်တာ ကျင်းပမည့် (၁၁) ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်း အဝေးတွင် ဗီယက်နမ်၊ လတ်ဗီးယား၊ လာအို မှ ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ ၀န်ကြီးချုပ် လီခေါ့ချန်သည် ၁၄ ရက်နေ့ညနေပိုင်းတွင် ဗီယက်နမ် ၀န်ကြီးချုပ် ငုရင်ရွမ်ဖတ်နှင့်တွေ့ဆုံခဲ့သည်။ လီခေါ့ချန်သည် အဆွေတော် ဗီပက်နမ်အပေါ် တောင်တရုတ်ပင်လယ် အရေးကိစ္စ နှင့်ပက်သက်ပြီး သမိုင်း အချက်အလက်များကို အခြေခံပြီး နိုင်ငံတကာ ဥပဒေနှင့်အညီ တောင်တရုတ်ပင်လယ် ပါတီဝင်နိုင်ငံများ၏ အပြုအမူ အပေါ် ကြေငြာစာတမ်း (DOC) အတိုင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့်ဖြေရှင်းသွားရမည်ဟု ပြောကြားခဲ့သည်။ လီခေါ့ချန်မှ ဗီယက်နမ် နှင့် တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး အရှိန်အဟုန်မြင့် တိုးတက်စေရန် နှင့် တောင်တရုတ် ပင်လယ် ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။ လီခေါ့ချန်မှ ဗီယက်နမ် နှင့် တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေး အရှိန်အဟုန်မြင့် တိုးတက်စေရန် နှင့် တောင်တရုတ် ပင်လယ် ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။၎င်းတို့သည် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတိုးတက်ဖို့အမြင်ခြင်းဖလှယ်ခဲ့ကြသည်ဟုလည်းသိရသည်။
Ref ; CRI
ဖြိုး (china.com)