မြေပြင်မှ ပေ ၇၀၆၆ အမြင့်တွင် ဖောက်လုပ်ထားသော တရုတ်နိုင်ငံမှ ကမ္ဘာ့အန္တရာယ်အများဆုံး လျှောက်လမ်း


****************************************
တရုတ်နိုင်ငံရှန်စီးပြည်နယ်ဟွာရှန်းတောင်ထိပ်သို့တက်သည့် တောင်ပတ်လမ်း တွင် ပြုလုပ်ထားသော သစ်သားပြားလေးများနှင့် လျှောက်လမ်းသည် မြေပြင်မှ ၇၀၆၆ ပေ အမြင့်တွင်တည်ရှိပြီး ကမ္ဘာ့အန္တရာယ်အများဆုံး လျှောက်လမ်းဖြစ်
လာခဲ့သည်ဟု သိရသည်။ ဟွာရှန်းတောင် သစ်သားေ လျှာက်လမ်းသည် လူစွန့်စားများအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ်လုပ်ဆောင်ထားခြင်း ဖြစ်သော်
လည်း အလွန်အန္တရာယ်များပြီး ခရီးသည်အများအပြား ပြုတ်ကျသေဆုံးခဲ့ဖူး
သည်။  သြ စတြေးလျနိုင်ငံသား လူစွန့်စား ဂလန်အီးပီက နှင်းများကျ၍ လမ်းချော်နေသည့်ကြားမှ ဟွာရှန်းသစ်သားလမ်းကို ဖြတ်ကျော်ရင်း ဗီဒီယို
မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ ဟွာရှန်းတောင်ပေါ်သို့ လမ်းဘေးရှိ လက်ရန်း
များပေါ်တွင် မြင်တွေ့ နိုင်သော သော့ခလောက်များနှင့်ပတ်သက် ၍လည်း ဗီဒီယိုထဲ၌ ဂလန်က ရှင်းလင်းပြောဆိုထားသည်ကို မြင်တွေ့ရသည်။ ခရီးသွား များသည် တောင်ခြေမှ သော့နှင့်သော့ ခလောက်ကို ၀ယ်ယူခဲ့ပြီး တောင်ထိပ်၌ ၎င်းင်းတို့ အမည်များ ရေးထိုးထားသည့် သော့ ခလောက် များကို လက်ရန်းတွင်ခတ်ကာ သော့ကို အနီးအနားရှိ ရေကန်ထဲသို့ လွှင့်ပစ်လေ့ရှိကြသည်ဟု သိရသည်။ 
by - မေဇွန်(AP, 7.7.16)
Pyi Myanmar
Powered by Blogger.