မွေးကင်းစ ကလေးငယ်ကို ကျွတ်ကျွတ်အိတ်ထဲ ထည့်ပြီးစွန့်ပစ်သည့် မိခင်ကို ဖမ်းဆီး


မွေးကင်းစ ကလေးငယ်တစ်ဦးကို ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ပြီးစွန့်ပစ်ခဲ့တဲ့ မိခင်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအရပ်က ရွာတစ်ရွာမှာ စွန့်ပစ်ထားတဲ့ ပလစ်စတစ်အိတ်ကို တွေခဲ့ကြရတာ ဖြစ်ပါတယ်။ ကလေးငယ်ထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ကို ရွာသားတွေက တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို အလျှင်အမြန် အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ဆေးရုံကို အလျှင်အမြန် ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့ အသက်ကိုတော့ ဆေးရုံကို ဆရာဝန်တွေ မမီနိုင် ဖြစ်သွားခဲ့ရပါတယ်။

ရဲစခန်းမှာထွက်ဆိုချက်အရ အဆိုပါအမျိုးသမီးဟာ ကလေးငယ်ကိုယ်ဝန်ရှိပြီးနောက်ပိုင်း ဘယ်သူက ကလေးအဖေမှန်း မသေချာဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီနောက် ကလေးငယ်ကို မွေးဖွားခဲ့ပေမယ့် သူ့မှာ ဝင်ငွေမကောင်းတာကြောင့် စွန့်ပစ်ဖို့ လုပ်ခဲ့ရတာလို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီးရဲ့ လုပ်ရပ်တွေကို စီစီတီဗီကတဆင့် တွေ့ခဲ့ရတာဖြစ်ပါတယ်။

Source : The Sun

Duwun


Powered by Blogger.