ဧရာဝတီမြစ်ရေမြင့်တက်၊ရေပေါ်ကျွန်းမှ လူနှင့်နွားများရွေ့ပြောင်း
ဧရာဝတီ
မကွေးတိုင်း သရက်မြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ ဇူလိုင်လ(၃၀)ရက် နေ့ က မြင့်တက်လာသည့် အတွက် မြစ်လည်ရှိ ရေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု ၄၀၈ စု လူဦးရေ ၁၄၂၀ နှင့် နွားအကောင် တရာကျော် ခန့်မှာ ရေဘေးလွတ်ရာနေရာများတွင် ပြောင်းရွှေ့နေထိုင်နေရကြောင်းသိရ
သည်။
"လူတွေကသူတို့အစီအစဉ်နဲ့သူတို့ ရေစကြီးကတည်းက ပြောင်းရွှေ့နေကြတာပါ။ မနေ့ကတော့ ရေပိုတက်လာလို့ နွားအကောင်တရာကျော်နဲ့ တချို့ကျန်နေသေးတဲ့ လူတွေကို သရက်မြို့က ဌာနဆိုင်ရာနဲ့ ပြည်သူလူထုတွေ ပူးပေါင်းပြီး ဇက်တွေနဲ့ ပြောင်းရွှေ့ပေးခဲ့ကြတာပါ။" ဟု သရက်မြို့မှ သွားရောက်ကူညီပေးခဲ့သူ ကိုခင်မောင်စိုးက ပြောသည်။
မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင်လည်း ဇူလိုင်လ ၃၀ ရက်နေ့က နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ် (၂၅၅၀) စင်တီမီတာတွင် (၂၄၇၅) စင်တီမီတာသို့ ရောက် ရှိနေပြီး မြေနိမ်ပိုင်း များတွင်နေထိုင်သူများအား ရေလွတ်ရာနေရာများသို့ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
ဓါတ်ပုံ - ပေါက်ကလေး(သရက်)
ကောင်းမြတ်မင်းပေးပို့သည်။