ပုသိမ်တွင် အသက် (၆၀) အရွယ် အမျိုးသားတစ်ဦးအပါအ၀င်ဖောက်ထွင်းသူ နှစ်ဦးကိုဖမ်းမိ


===========

ပုသိမ်မြို့တွင် ရက် ၂၀ အတွင်း လေးကြိမ်တိုင် ဖောက် ထွင်းခိုးယူမှု ကျူးလွန် သူနှစ်ဦးကို ဇူလိုင် ၂၃ ရက်က ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည့် ပစ္စည်းများကို လိုက်လံရှာဖွေသိမ်းဆည်းနေ ကြောင်း ပုသိမ်နယ်မြေရဲစခန်းမှ သတင်းရရှိ သည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် မြကျွန်း သာ (၃) လမ်းတွင် နေထိုင်သည့် မျိုးထက် (၂၁) နှစ်နှင့် ဦးလတ် (၆၀)နှစ်တို့ ဖြစ် သည်။ ဖောက်ထွင်းမှု ကျူးလွန်သည့် နေရာတိုင်းတွင် ဖယောင်းတိုင်မီးကို အသုံးပြု၍ ခိုးယူခဲ့ခြင်း ဖြစ်ပြီး တံခါးနှင့် သော့ များကို အလေးချိန် နှစ်ပိဿာ ခန့်၊ အရှည် ၁၈ လက်မခန့်ရှိသော သံ တုတ်တစ်ချောင်းအား အသုံးပြုကာကျူး လွန်ခဲ့ခြင်း ဖြစ်ကြောင်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင် က ပြောသည်။

‘‘သူတို့ကို စစ်ဆေးနေဆဲပါ။ လက်ရှိဖော်ထုတ်နိုင်တာက လေး မှုပဲရှိသေးတယ်။ စစ်ဆေးရင် ပေါ် လာမယ့် နောက်ဆက်တွဲအမှုတွေ ရှိပါသေးတယ်။ ရီမန်ယူပြီး ဆက် စစ်ဆေးသွားမှာပါ’’ ဟု ၎င်းက ပြောသည်။

ဖောက်ထွင်းခိုးယူသူ နှစ်ဦး သည် ဇူလိုင် လဆန်းပိုင်းမှစတင် ၍ ပုသိမ်မြို့ မင်းရဲကျော်စွာလမ်း ရှိ နေအိမ်တစ်အိမ်မှ တီဗီ၊ ဆိုင် ကယ်နှင့် အခြားပစ္စည်းများ၊ ကုန် စုံလမ်းရှိ လက်ကား အရက်အ ရောင်းဆိုင်မှ ဘုရားဆင်းတုတော် များ၊ စီစီတီဗီကင်မရာ၊ တီဗီ၊ ရွှေ ထည် ပစ္စည်းများနှင့် ဘီယာဘူး များ၊ မင်းကြီးလမ်းရှိ တယ်လီဖုန်း အရောင်းဆိုင်မှ လက်ကိုင်ဖုန်း များ၊ တဲကြီးကုန်းရပ်ကွက်ရှိ မုန့် ဆိုင်မှ ငွေနှင့် မုန့်မျိုးစုံစသည်တို့ ကို ဖောက်ထွင်းခိုးယူခဲ့ကြောင်း စစ်ဆေးမှုများအရ သိရသည်။

၎င်းတို့နှစ်ဦးအား ပုသိမ်နယ် မြေရဲစခန်းက ဖောက်ထွင်းခိုးယူ မှု ရာဇသတ် ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီ နောက်ဆက်တွဲ အမှုများကို ဆက်လက် စစ်ဆေး နေကြောင်း သိရသည်။

Credit>>>7 Day
Powered by Blogger.