လူစည်ကားရာအနီး မဖွယ်မရာ လုပ်သည့် ကမ္ဘာ့လှည့် ခရီးသည်လူငယ်စုံတွဲနှစ်ဦး ပြန်တောင်းပန်ရ


ကမ္ဘာ့လှည့် ခရီးသည်လူငယ်စုံတွဲနှစ်ဦး လူမြင်ကွင်းအနီးမှာ မဖွယ်မရာ ပြုလုပ်နေကြတဲ့အတွက် 

ထိုင်းနိုင်ငံ ဖီဖီကျွန်းမှာ အနောက်တိုင်း ကမ္ဘာ့လှည့် ခရီးသည်လူငယ်စုံတွဲနှစ်ဦး လူမြင်ကွင်းအနီးမှာ မဖွယ်မရာ ပြုလုပ်နေကြတဲ့အတွက် လူသိရှင်ကြားပြန်လည်တောင်းပန်လိုက်ရပါတယ်။ အဆိုပါစုံတွဲရဲ့ ဖြစ်ရပ်ကို အနီးနားမှာရှိတဲ့ ထိုင်းဒေသခံတွေက သိရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။



လူသွားလူလာ စည်းကားတဲ့ လမ်းမကြီးရဲ့ဘေးတစ်ဖက်မှာ သူတို့နှစ်ဦးဖြစ်နေကြတဲ့ ဖြစ်ရပ်ကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ဗီဒီယိုဖိုင်ကိုပါ လူမှုကွန်ယက်ပေါ် တင်ခဲ့ကြောင်း သိရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့သွားတဲ့ ဗီဒီယိုဖိုင်အရ အမျိုးသမီးဟာ ဘီကီနီဝတ်စုံကိုသာ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ဒေါသထွက်နေတဲ့ ဒေသခံ တစ်ဦးက " မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ" အင်္ဂလိပ်ဘာသာစကားနဲ့ အကြိမ်ကြိမ်မေးမြန်းခဲ့ပြီး နှင်ထုတ်ခဲ့တာ တွေ့ရပါတယ်။



နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ထိန်းသိမ်းသွားပြီး လူသိရှင်ကြား ပြန်လည်တောင်းပန်စေခဲ့တာတွေ့ရပါတယ်။ အမျိုးသမီးဟာ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သူ တစ်ဦးဖြစ်ပြီး အမျိုးသားကတော့ အိုင်ယာလန်ကဖြစ်ကြောင်း သိရပါတယ်။
Source : Mirror
duwun
Powered by Blogger.