ရွှေဖြင့်ပြုလုပ်ထားသော ကမ္ဘာ့ဈေးအကြီးဆုံးရှပ်အကျီကို ၀ယ်ယူဝတ်ဆင်ခဲ့သည့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ရိုက်နှက်ခံရ၍ သေဆုံး
***************************************
မွန်ဘိုင်း ဇူလိုင်း ၁၆
၂၀၁၃ ခုနှစ်တွင် ရွှေဖြင့်ပြုလုပ်ထားသော ကမ္ဘာ့ဈေးအကြီးဆုံးရှပ်အကျီကို ၀ယ်ယူဝတ်ဆင်ခဲ့ဖူးသူ အိန္ဒိယလူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် ရိုက်နှက်ခံရပြီး သေဆုံးသွားကြောင်းသိရသည်။ ဒေါ်လာ ၂ သိန်း ၄ သောင်းတန်ဖိုးရှိ ရွှေအကျီကို ၀တ်ဆင်ခဲ့ရမှာ စီးပွားရေး လုပ်ငန်းရှင် ဒတ်တာ ပလော့သည် နာမည်ကြီးလာခဲ့သည်။ သူဝတ်ဆင်ခဲ့သည့် အကျီကို ၂၂ ကာရတ်ရှိ ရွှေအပိုင်းအစ တစ်သောင်း ၄ ထောင်ဖြင့် ပြုလုပ်ထားပြီး အလေးချိန် ၃.၃၂ ကီလိုဂရမ်ရှိသည်။ ၄င်းကို ရွှေထည်ပညာရှင် ၁၅ ဦးက ၁၆ ရက်အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၄၀ အရွယ် ပလော့ကို လူ ၁၂ ဦးက ကျောက်တုံးများဖြင့် ပစ်ပေါက်ကာ ချွန်ထက်သော လက်နက်များဖြင့် ထိုးနှက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
Ref:CNA
Democracy Today