အိန္ဒိယနိုင်ငံ၊ ကတ်ရှ်မီးယားဒေသတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၃၈ ဦးအထိ တိုးလာ
***************************************
ဆင်ဂါ ဇူလိုင် ၁၆
အိန္ဒိယနိုင်ငံအုပ်ချုပ်ခွင့်ရ ကတ်ရှ်မီးယားဒေသတွင် ညမထွက်ရအမိန့်ထုတ်ထားသော်လည်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ တွင် ဆယ်ကျော်သက်တစ်ဦးအပါအ၀င် လူ ၂ ဦး သေဆုံးခဲ့ပြီး တစ်ပတ်အတွင်း သေဆုံးသူဦးရေ မှာ ၃၈ ဦးအထိ မြင့်တက်လာခဲ့ ကြောင်းသိရသည်။ ကူဝါရာဒေသတွင် စခန်းကို ဒေါသထွက်နေသော အုပ်စုတစ်ခုက ကျောက်တုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် အိန္ဒိယ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်တစ်ဦးသေဆုံးပြီး ဆန္ဒပြသူ ၃ ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ အခြားသေဆုံးခဲ့ရသည့် ဆယ်ကျော်သက်တစ်ဦးမှာ တောင်ပိုင်းရှိ ယာရီပူရာမြို့၊ ရဲစခန်းသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် ဆန္ဒပြအဖွဲ့တစ်ခုကို ရဲများက ပြန်လည်ပစ်ခတ်ချိန်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
Ref:CNA
Democracy Today