NLDပါတီ ဥက္ကဌ အသက်အန္တရာယ်ရှိကြောင်း ခြိမ်းခြောက်ခံရ
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်း အောင်ကျေးရွာ အတွင်းရှိ ယခင်ရတနာစန်းရွှင်ကုမ္ပဏီရဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း အသုံးမပြုတော့တဲ့ မြေစာပစ်ကွင်းအဟောင်းမှာ အိမ်ခြေ(၂၀၀) လူဦးရည်(၁၀၀၀)ကျော်နေထိုင်ကြသော ပြည်သူများ အကူညီတောင်းခံမှုကြောင့် ကျေးရွာရပ်ကွက်တစ်ခုအဖြစ်သတ်မှတ်ပေးနိုင်ရေး၊ သင့်တော်သော အုပ်ချုပ်ရေးလက်အောက်ခံရပ်ကွက် အဖြစ်ရပ်တည်နိုင်ရေးအား ကူညီပေးနေသော NLDဆိပ်မူ ရပ်/ကျေး ဥက္ကဌ ဦးရွှေသိန်းအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံခဲ့ရပါသည်။
ဖြစ်စဉ်မှာ ၆.၇.၂၀၁၆ ရက်နေ့ညနေ(၅း၃၀)ခန့် အချိန်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာတွင် နေထိုင်သော ယခင် NLDဘီလူးမြို့နယ်ဉက္ကဌ ဦးညွန်ဝေထံသို့ အသက်(၃၅-၄၀)နှဓ်ခန်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး "အဘနာမည်က ဦးညွန့်ဝေနော် ကျမအကြောင်းမသိချင်ပါနဲ့ ပြောစရာရှိလို့ပါ အဘကဦးရွေသိန်းနဲ့ တော်တော်လေးရင်းနှီတယ်ဆိုတော့ ဦးရွေသိန်းပြောဖြစ်အောင်ပြောပေးပါ မော်လကင်ဆန်းရွှင်ကိစ္စဝင်မပါနဲ့ လက်ရှောင်နေပါ အဲ့ဒီလုပ်ငန်းထဲမှာ တောဘက်ရော ၊မြို့ဘက်ရော အားလုံးပါတယ် သူကရခိုင်တွေကိုမြောက်ပေးနေတယ် အဲဒီ လုပ်ကွက်က(၂)နှစ်ကျန်သေးတယ် အကယ်၍ ဦးရွေသိန်းကနားမထောင်ဘူးဆိုရင်တော့ အသက်အန္တရယ်ဆိုးရိမ်ရတယ်" ဟုပြောဆိုခြိမ်းခြောက်ကာပြန်သွားခဲ့ပါသည်။ ည(၉း၀၀)နာရီခန့်တွင် ဖုန်ကာနှာခေါင်းစွပ်(Mask)များ တပ်ဆင်ကာ မျက်နှာဖုန်းကွယ်ထားသော လူငယ်(၂)ဦးရောက်ရှိလာပြီး ညနေပိုင်းမှ အမျိုးသမီးပြောသွားသော စကားများအတိုင်းပြောပြီးနောက် "ကျွန်တော်တို့ပြောတာတွေ ကို လူတိုင်းမသိပါစေနဲ့ ဦးရွေသိန်းက ခေါင်းမာတယ်ကြားတယ် သူ့ကိုပြောဖြစ်အောင်ပြောပါ အဘ" ဟုမှာကြားကာထွက်သွားခဲ့ပါသည်။
နောက်တစ်နေ့ နံနက်(၁ဝးဝ၀) နာရီခန့်တွင် "ကျွန်နော်တို့ပြောခိုင်းတာတွေ ပြောပြီးပြီလား"ဆိုပြီး ဖုန်းဆက်မေးခဲ့သည်ဟု ဦးညွန့်ဝေ မှပြောကြားခဲ့ပါသည်။ NLDပါတီဥက္ကဌ တစ်ယောက်အားချိန်းခြောက်အကြပ်ကိုင် ခြင်းဟာ လုံးဝလက်ခံလို့မရပါဘူး ။ အခြေခံဆင်းရဲသား ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတဲ့ ပုဂ္ဂိုလ်တွေကိုခြိမ်းခြောက် သက်ဖြတ်ခဲ့တာ မှော်ရှန်ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် ရင်ဘက်နဲ့လက်မောင်းက သေနတ်ဒဏ်ရာ(၆)ချက်က ရှေ့မှာသာဓကတစ်ခုပါ။ ဦးကံဆက်၊ ဦးထွန်းလွင် တို့အသက်ခံရသလို တရားခံ မပေါ်တဲ့ လူသတ်မှုတွေလည်းများလှပါပြီ။ သေနတ်နဲ့ပစ်သတ်ပြီး ထွတ်သွားတယ် သေနတ်ဆိုတော့ လူတွေကကြောက် နောက်ကွယ်မှာက လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်တပ်ကလား ၊ KIA ကလား၊ ငွေပေးလုပ်ကြံခိုင်တာလား သို့လောသို့လောမေးခွန်းတွေနဲ့သာပြီးဆုံးခဲ့ရတာတွေက ဘယ်သူတွေလဲ ၊ ဘယ်ကလဲ ?
NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနေနဲ့အမြန်ဆုံး ကာကွယ်ဆောင်ရွက်ပေးစေလိုပါတယ်။ နဝတ/နအဖ လက်ထက်ကတည်းက ပါတီ၏တာဝန်တွေကိုထမ်းဆောင်လာခဲ့တဲ့ ပါတီဝင် ရဲဘော်၊ ရဲဘက်တစ်ယောက်ကို ယခုလိုခြိမ်းခြောက်အကြပ်ကိုင်ခြင်းခံရတာကို ကာကွယ်ပေးခြင်း ၊ အရေးယူဆောင်ရွက်ပေးခြင်း နှောင်နှေးနေမယ်ဆိုရင် ဦးရွှေသိန်းရဲ့အသက်အန္တရာယ်စိုးရိမ်စရာရှိနေပါတယ်။ လူတစ်ယောက်သေဆုံးပြီးမှ နှမျောနေလို့ကတော့ အလကားပဲ အလောင်းကိုင်္သဂြိုလ်ယုံကလွဲပြီး ဘာမှဖြစ်လာနိုင်စရာအကြောင်းမရှိနိုင်ပါဘူး။
ဦးရွှေသိန်းကတော့ ယခုခြိမ်းခြောက်အကြပ်ကိုင်မှုကို (၈.၇.၂၀၁၆)ရက်နေ့မှာ ဖားကန်မြို့နယ်တရားရုံးကို ဦးတိုက်တိုင်ကြားခဲ့ပါတယ်။ (၁၁.၇.၂၀၁၆)ရက်နေ့မှာ ဖားကန့်မြို့နယ်တရားရုံးမှ ရာဇဝတ်ဥပဒေပုဒ်မ(၂၀၂)နဲ့ မြို့နယ်ရဲတပ်ဖွဲ့အား တရားခံအမြန်ဆုံး စုံစမ်းဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို ကြက်ကလေး၊ငှက်ကလေး သတ်သလို လက်နက်အားကိုးပြီး ချိန်းခြောက်သတ်ဖြတ်နေတဲ့ ဖားကန့်နယ်မြေမှာ အစိုးရတပ်မတော်နဲ့ KIO/KIA ကရော ဘယ်အဖွဲ့အစည်းက တာဝန်ယူပြီး ပြည်သူကု ဘယ်လောက်အထိကာကွယ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်နေရအုံးမှာပဲ ။
U-Ru Nyeinchan
Hpar Kant News - ဖားကန့် သတင်း
သစ်ထူးလွင်