လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး သဲလွန်စမရရှိသေးဘူးလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်



 အခင်းဖြစ်ပွားခဲ့ရာ အိမ်အနီးဝန်းကျင်ကို ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

မင်္ဂလာဒုံမြို့နယ် ပတ္တ မြားမြို့သစ်တွင် ရဲအရာရှိဟောင်း မိသားစု လေးလောင်းပြိုင်အ သတ်ခံရမှုနှင့် ပတ်သက်၍ သဲ လွန်စမရရှိသေးကြောင်း မြောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးဝင်းက ပြောကြားသည်။


လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်ရှေ့နှင့်အိမ် အနီးတစ်ဝိုက်တွင် သြဂုတ် ၂၅ ရက် နံနက်က ရဲတပ်ဖွဲ့ဝင်များ သက်သေခံပစ္စည်းလာရောက်ရှာ ဖွေချိန်၌ မြောက်ပိုင်းခရိုင်မှူးက ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒီနေ့က သက်သေခံပစ္စည်း ကျန်ခဲ့မလား စစ်ဆေးတာပါ။ အမှုက လမ်းကြောင်းတွေများနေ တယ်။ သဲလွန်စတော့ မရသေး ပါဘူး’’ဟု ၎င်းက ဆိုသည်။

မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ်ရပ်ကွက် မြ အေးချမ်းသာလမ်းသွယ်နေအိမ်၌ မိသားစုငါးဦးရှိပြီး အခင်းဖြစ်ချိန်တွင် အိမ်၌ ရှိနေသော လူလေးဦးသည် သြဂုတ် ၂၀ ရက်က အသတ်ခံရခြင်းဖြစ်သည်။

 သေဆုံးခဲ့သူ ရဲအရာရှိ ဟောင်း၏ယောက္ခမ ဒေါ်ရီရီနွဲ့ သည် ရွှေပြည်သာမြို့နယ်ရှိ အစ် မတော်စပ်သူနေအိမ်သို့ ညအိပ် သွားရောက်ခဲ့ပြီး သြဂုတ် ၂၀ ရက် နံနက်၌ နေအိမ်သို့ ပြန်လာသော အခါတွင်မှ အလောင်းများ တွေ့ရှိခြင်းဖြစ်ကြောင်း ဒေါ်ရီရီနွဲ့က ပြောသည်။

အသက်(၃၇)နှစ်အရွယ် ဒုရဲ အုပ်အရာရှိဟောင်း ဦးစိုးနောင် အသက်(၃၄)နှစ်အရွယ် ဇနီး မ ချယ်ရီပွင့်၊ သားကြီး အသက်(၁၃) နှစ်အရွယ် အဋ္ဌမတန်းကျောင်း သား ဟန်သူရနှင့် သားငယ် အ သက်(၈)နှစ်အရွယ် တတိယတန်း ကျောင်းသား စွမ်းထက်မြတ်တို့ လေးဦး ဓားဒဏ်ရာများဖြင့် သေ ဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူမိသားစုမှာ အ ခင်းဖြစ်ပွားရာနေအိမ်သို့ ပြောင်း ရွှေ့လာသည်မှာ ရှစ်လခန့်ရှိပြီး အနီးဝန်းကျင်မှ လူများနှင့်ခိုက်ရန် ဖြစ်ပွားဖူးခြင်းမရှိဘဲ ရပ်ကွက်တွင် အေးဆေးစွာနေတတ်သူများ ဖြစ် ကြောင်း အဆိုပါရပ်ကွက်နေထိုင် သူအချို့က ပြောသည်။

ကမာရွတ်မြို့နယ် စိမ်းလဲ့ ကန်သာလမ်းသွယ်တွင် ၂၀၀၈ မတ်လ ၃ ရက်က ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရှစ် နှစ်ကျော်အတွင်း ရန်ကုန်မြို့၌ မိသားစုအလိုက် လူဦးရေအများ ဆုံးအသတ်ခံရသည့် ဖြစ်စဉ်ဖြစ် သည်။

Credit: 7daydaily
http://www.7daydaily.com/story/73801
Powered by Blogger.