ရန်ကုန် မထသ ၄၈ လိုင်းကား စပယ်ရာများဧ။် မင်းမဲ့စရိုက်ဆန်စွာပြုကျင့်မှု


  ၂၅.၈.၂၀၁၆ ညနေ ၇ နာရီအချိန်မထသ ၄၈ လိုင်းကား မှ လမ်းပိတ်ဆို့ပြီး ရပ်ထားသဖြင့် စကားများကြရာ စပယ်ယာ မှလိုင်းကားပေါ်မှ သံကုံးသီးလေးခွဖြင့်စတင်ပစ်ပါသည်။နောက်သံတုတ်များစွဲဆင်းလာပြီးတစ်ယောက်ကရိုက် နောက်တစ်ယောက်မှ လေးခွဖြင့်ထပ်မံပစ်ခတ်ပါသည်။ သူတို့၏ ရိုက်ချက်၊ပစ်ချက်များသည် ဦးခေါင်းတစ်ခုတည်းကိုရည်ရွယ် ပါသဖြင့် မသေမခြင်း သတ်မည်ဟုရည်ရွယ်ချက်ရှိပုံရပါသည်။ပတ်ဝန်ကျင်မှ ဝိုင်းဝန်းတားဆီးသဖြင့် အသက်မသေဘဲ ပုံမှာမြင်သည့်အတိုင်း ဆေးရုံရောက်နေရပါသည်။
  ရန်ကုန်မြို့၏ လိုင်းကားစပယ်ယာများ မိုက်ရိုင်းချက်က ကန်းကုန်နေပါသည်။ မထသ ဘယ်လိုများ ထိန်းသိန်းနေပါသလဲ။
 မ.ထ.သ မလိုအပ်တော့ပါ။ စပယ်ယာများသည် လူငယ်များဖြစ်ပြီး ၁၈ ပြည့်မည်မထင်ပါ။ ကားအုံနာမှလည်း လိုက်ကာကွယ်ပေးနေပါသည်။ စပယ်ယာ ၂ယောက်အခု ဗိုလ်တထောင် အချူပ်ထဲ မှာ မိထားပါသည်။ဥပဒေကို စောင့်ကြည့်နေပါသည်။

Credit: Myint Win
Powered by Blogger.