ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယနေ့ ည ၈ နာရီကျော်ခန့်အချိန်က ယာဉ်တိုက်မှုတခုဖြစ်ပွား
Myanmar Plaza ရှေ့ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ယနေ့ ည ၈ နာရီကျော်ခန့်အချိန်က ယာဉ်တိုက်မှုတခုဖြစ်ပွားခဲ့သည်။
မြို့ထဲဘက်မှလာသော ယာဉ်လိုင်းအမှတ် ၁၀၂ ဘတ်စ်ကားသည် ကုန်းတံတားမှအဆင်း အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဉ်ကြောသို့ရောက်ရှိကာ လမ်းလယ်ကွန်ကရစ်တုံးနှင့် အိမ်စီးကားနှစ်စီးအား ၀င်တိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
_CJ ဖက်တီး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)