ခြောက်ထပ်အမြင့် ပြတင်းပေါက်မှ တွဲလောင်းကျနေသည့် ကလေးငယ်ကို စွန့်စားကယ်တင် (ရုပ်သံ)



တရုတ်နိုင်ငံမှာ ခြောက်ထပ်အမြင့် အဆောက်အအုံ လေသာဆောင် ပြတင်းတံခါးမှာ ညပ်ပြီး တွဲလောင်းကျနေတဲ့ ကလေးငယ်တဦးကို အမျိုးသားတဦးက စွန့်စွန့်စားစား ကယ်တင်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ သြဂုတ် ၁၄ ရက်နေ့က ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ရှန့်ဇန်မြို့မှာ ဖြစ်ခဲ့တာပါ။
အဲဒီ လေးနှစ်အရွယ် ကလေးငယ်ဟာ ပြတင်းတံခါးလက်ရန်း အတားထဲမှာ ဦးခေါင်းညပ်ပြီး အဲဒီနေရာဟာ မြေပြင်ပေါ်မှ အမြင့်မီတာ ၂၀ အထက်မှာ ရှိနေခဲ့တာပါ။
အဆိုပါအမျိုးသားဟာ တခြားအကာအကွယ်မပါဘဲ လက်ချည်းသက်သက် တံခါးအမိုးခုံးပေါ်ကနေတဆင့် တက်သွားခဲ့တာကို တွေ့ရပါတယ်။
သူဟာ ကလေးငယ်ကို လက်တဘက်က ပွေ့ထားကာ တခြားတဘက်က ဦးခေါင်းကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
နောက်ဆုံးမှာတော့ သူဟာ ကလေးငယ်ကို အောင်အောင်မြင်မြင်နဲ့ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

CCTV
Powered by Blogger.