မိန်းခလေးက လက်ထပ်ခွင့် တောင်းခံရသူ


----------------------------------------------------------
၂၆-၈-၂၀၁၆
တရုတ်နိုင်ငံက ဆိုရှယ်မီဒီယာတွေမှာ နံမယ်ကြီးနေတဲ့ အမျိုးသမီးက လက်ထပ်ခွင့်တောင်းတဲ့ ဖြစ်ရပ်ပါ။
စီးပွားရေး လုပ်ငန်းရှင်တဦးရဲ့ သမီးဟာ နိုင်ငံခြား တိုင်း
ပြည်ကနေ ပညာ သင်ပြီး တရုတ်နိုင်ငံကို ပြန်ရောက် လာခဲ့ရာက သူမနဲ့  ချစ်ကြိုက် နေတဲ့ အမျိုးသားကို ချစ်သူကြိုက်တဲ့ ဈေးကြီး ဆိုင်ကယ်ကြီးနဲ့  မြေကွက်တစ်
ခုကို လက်ဆောင်အဖြစ်ပေးပြီး ကျွန်မကို လက်ထပ်ပါ လို့ တောင်းဆိုခဲ့တာပါ။

အမျိုးသားကလည်း လက်ထပ်ပမယ်လို့  ဖြေခဲ့ကြောင်း သိရပါတယ်။ တသက်လုံး ယောက်ကျားလေးကသာ လက်ထပ်ခွင့် တောင်းရတဲ့စနစ်ကို ယခု အမျိုးသမီးက ပြောင်းလဲလိုက်တာဖြစ်ပါတယ်၊

သူမချစ်သူကို ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းတဲ့ အဖြစ်ကို မြင်ရတဲ့ သူတွေ က အောက်ကျခံတာ လို့  ဝေဖန်မှုတွေ ခံရပေမယ့် သူမကတော့ တကယ်ချစ် တဲ့ သူအတွက် အသက်တောင်ပေးချစ်တာ ဒူးထောက် ရတာ သိမ်ငယ်စရာမလို သတ္တိရှိတာပါ လို့ပြောခဲ့ ပါတယ်။

(SAW)
Powered by Blogger.