မိန်းကလေး ကိုယ်ဝန်လွယ်ထားရပြီး ဆံပင်အတိုညှပ်ချင်နေတဲ့ သက်မွန်မြင့်
ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့ သက်မွန်မြင့်က ယခုလက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေနားထားတယ်လို့ သိရပါတယ်။
ဒုတိယကိုယ်ဝန်မှာ မိန်းကလေး ဖြစ်နေပေမယ့်လည်း ခေါင်းမှာ ဆံပင်ရှိနေတာကို မကြိုက်တဲ့အတွက် သက်မွန်မြင့်ကတော့ ဆံပင်အတိုညှပ်လိုက်ရပြီလို့ ဆိုပါတယ်။
အခုလက်ရှိ ကိုယ်ဝန်ကတော့ ငါးလကျော်နေပြီလို့ သိရပါတယ်။ မကြာသေးခင်က ပြုလုပ်တဲ့ Save the Children ရဲ့ ပွဲမှာ သက်မွန်မြင့်က မြန်မာ Ambassador တစ်ယောက်အနေနဲ့ အစီစဉ်လေးတစ်ခု ရိုက်ခဲ့တယ်လို့ သိရပါတယ်။
Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်