အီတလီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အပျက်အစီးကြား ၁၇ နာရီကြာ ပိတ်မိနေသည့် ၁၀ နှစ် ကလေးကို ကယ်တင် ရုပ်သံ

***************************************
အီတလီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဦ အပျက်အစီးအကြားမှာ ၁၇ နာရီကြာ ပိတ်မိနေတဲ့ ၁၀ နှစ်အရွယ် မိန်းကလေးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ပက်စကာရာဒယ် တော်ရန်တိုမြို့က ပျက်စီးနေတဲ့ အဆောက်အဦအောက်ကနေ မီးသတ်သမားတွေက ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုကျနေတဲ့ အဆောက်အဦအောက်မှာ အသံတသံကို စတင် သတိထားမိခဲ့တာလို့လည်း မီးသတ်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖုန်တွေ ပေကျံနေတဲ့ ကလေးငယ်လေးကို ကယ်တင်နိုင်ခဲ့ပြီးတဲ့နောက် လူတွေက ချီးကျူး သြဘာပေးခဲ့ကြသလို ကလေးငယ်ကို နောက်ပိုင်းမှာ ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။

သြဂုတ် ၂၄ ရက်က အီတလီမှာ ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၂၄၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

DVB TV News 

Video by - Sky TG24

Girl Pulled From Italy Earthquake Rubble After 17 Hours
Powered by Blogger.