တမူးမြို့နယ် ဘုက္ကန်ကျေးရွာမှ ကျောင်းအုပ်တစ်ဦးတာဝန်ချိန်၌ အရက်သေစာသောက်စား၍ ရုံးခန်းအတွင်းမူးလဲနေ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
တမူး သြဂုတ် ၂
တမူးမြိုခရိုင် ခမ်းပါတ်မြို့နယ်ခွဲ အောက်တောင်းအုပ်စု ဘုက္ကန် ကျေးရွာရှိကျောင်းအုပ်ကြီးသည် တာဝန်ချိန်အတွင်း အရက်သေစာသောက်စား၍ ရုံးခန်းအတွင်း မူးလဲနေသည်ကို ယင်းကျေးရွာရှိ ကျောင်းကော်မတီတစ်ဦးမှ
(၂း ၈း ၂၀၁၆ ) ၁၁ နာရီတွင် တမူး NLDရုံးသို့ သတင်းပေးပို့လာကြောင်းသိရသည်။
ယင်းဖြစ်ရပ်ကြောင့်ဆရာ/ဆရာမများ ရုံးခန်းအတွင်း လက်မှတ်ထုတ်ရန် မ၀ံမရဲဖြစ်နေရသည်ဟုသိရသည်။
အဆိုပါကျောင်းအုပ်အား အရက်သေစာသောက်စားမူးယစ်မှုဖြင် လွန်ခဲ့သည့် ၂ လခန့်က အထက်သို့ စာတင်တိုင်ကြားခဲ့ဖူးသော်လည်း မည်သည့်ဖြေရှင်းမှုမျိုးမှ ပြုလုပ်ပေးခဲ့ခြင်း မရှိဟု သိရသည်။
ပညာရေးဌာနအား အရုပ်ဆိုးစေသော ယင်းဖြစ်ရပ်အား ဖြေရှင်းပေးစေလိုသည်။
photo credit•••••Myint Zaw Tamu