လေးလောင်းပြိုင်လူသတ်မှု ၁၀ ရက်အကြာတွင် အွန်လိုင်း၌ ပျံ့နှံ့နေသော မသင်္ကာသူ သုံးဦးကိုသတင်းပေးရန် ရဲတပ်ဖွဲ့ ထုတ်ပြန်
မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားသည့် လေးလောင်းပြိုင် လူသတ်မှုမှ သေဆုံးသူမချယ်ရီ ပွင့်၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ကူး ထားသော မသင်္ကာသူသုံးဦးနှင့် ပတ်သက်၍ တွေ့ရှိပါက ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့အရေး ပေါ် ၁၉၉နှင့် ၀၁-၂၃၂၃၁၉၉ နံပါတ်တို့မှတစ်ဆင့် သတင်းပေးနိုင်ရန် အကူအညီတောင်းခံထား ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့က ထုတ်ပြန်ကြေညာသော အဆိုပါဓာတ်ပုံသည် လူသတ်မှုဖြစ်ပွားသည့် ညပိုင်းတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်၌ ပျံ့နှံ့ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အတည်ပြုရန်ငြင်းပယ်ခဲ့ပြီး ၁၀ရက်အကြာတွင် ပြည်သူများသတင်းပေးနိုင်ရန် တရားဝင်ထုတ်ပြန်ကြေညာခြင်းဖြစ် သည်။
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာအုပ်စု ပတ္တမြားမြို့သစ် ရပ်ကွက် မြအေးချမ်းသာလမ်း သွယ်ရှိ နေအိမ်တွင် သြဂုတ် ၂၀ ရက် နံနက်၌ ရဲအရာရှိဟောင်းဦးစိုးနောင်နှင့် ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားမောင်ဟန်သူရနှင့် မောင်စွမ်းထက်မြက်တို့လေးဦးသည် ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
‘‘အမှုနဲ့ပတ်သက်လို့ ကျွန် တော်တို့လည်း စုံစမ်းနေပါတယ်။ အခုဓာတ်ပုံထဲကသူတွေကို လည်း လိုက်ရှာနေပါတယ်။ ပြည်သူတွေအနေနဲ့လည်း သတင်းပေးတိုင်ကြားချင်တယ်ဆိုရင် ပေးလို့ရ အောင် အခုလိုကြေညာတာပါ။ သ တင်းပေးတိုင်ကြားသူကိုလည်း ကျွန်တော်တို့က လုံခြုံရေးအတွက် လျှို့ဝှက်ပေးမှာပါ’’ဟုရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ဒီအမှုကို ပြည်သူတွေ အ ရမ်းစိတ်ဝင်စားကြတယ်။ ဘာလို့ လဲဆိုတော့ သေတဲ့သူက ရဲအရာ ရှိဟောင်း။ ပြီးတော့ ကလေးတွေ ကကျောင်းသားငယ်လေးတွေ။ သတ်သွားတာတာလည်း ဓားနဲ့ အချက်ပေါင်းများစွာ မသေမချင်း သတ်သွားတာ။ ဒါကို ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်တာအရမ်း နောက်ကျတယ်။ ဒီနေ့မှ ဒီပုံတွေ ပြပြီးအကူအညီတောင်းတော့ ဒီ လူတွေပြေးမယ်ဆိုရင်တောင် ကြိုက်တဲ့နေရာသွားလို့ရနေပြီ’’ ဟု အငြိမ်းစားရဲအရာရှိတစ်ဦးက ပြောသည်။
မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်တွင် ရဲအရာရှိဟောင်းမိ သားစုလေးလောင်းပြိုင်အသတ်ခံ ရမှုနှင့်ပတ်သက်၍ သြဂုတ် ၂၅ ရက်တွင် နေအိမ်အနီးတစ်ဝိုက် သက်သေခံပစ္စည်းလာရောက်ရှာ ဖွေခဲ့သော်လည်း သဲလွန်စမရရှိ သေးကြောင်း မြောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှူးဒုရဲမှူးကြီးစိုးဝင်းက ပြောကြားသည်။
ကမာရွတ်မြို့နယ် စိမ်းလဲ့ ကန်သာလမ်းသွယ်တွင် ၂၀၀၈ မတ်လ ၃ရက်က ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားပြီးနောက် ရှစ် နှစ်ကျော်အတွင်း ရန်ကုန်မြို့၌ မိ သားစုလိုက်လူဦးရေအများဆုံးအ သတ်ခံရသည့်ဖြစ်စဉ်ဖြစ်သည်။
Credit: 7daydaily
http://www.7daydaily.com/story/74162

