အကယ်ဒမီ စိုးမြတ်သူဇာ ဘန်ကောက်သို့ သွားကာ အရေးပေါ် ဆေးကုသမှုခံယူ
16.8.2016
###########
အကယ်ဒမီ စိုးမြတ်သူဇာ ရဲ့  လတ်တလော ဖြစ်ပွားတဲ့ ကျန်းမာရေး အခြေအနေ ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက် မှာ
ရှိတဲ့ ဘမ်ရွမ်ဂရက် ဆေးရုံမှာ သြဂုတ်လ ၁၅ရက် ညက အရေးပေါ် သွားရောက် ဆေးကုသမှု ခံယူခဲ့ရတဲ့ အကြောင်း ဆရာ ဦးဝင်းငြိမ်း ရဲ့  ကိုယ်ပိုင် Facebook မှာ အခုလို တင်ထားတာ တွေ့ ရပါတယ် ။
"စိုးမြတ်သူဇာနေမကောင်းလို့ စိုးမြတ်နန္ဒာနဲ့ အမျိုးသမီးမိတ်ဆွေတစ်ဦးတို့က Silk Air လေကြောင်းနဲ့ ဘန်ကောက် Bumrangrad ဆေးရုံကိုခေါ်လာကြပါတယ်။
အရေးပေါ်ခန်းကိုရောက်တဲ့အချိန် ကျွန်တော်ရောက်သွားတော့ ဒရစ် သွင်းဖို့ ဆရာမလေးတစ်ယောက်က လက်မှာအကြောရှာပေမဲ့မရတာကြောင့် ခြေထောက်ကနေသွင်းဖို့ကြိုးစားတယ်။
ဒါလည်းမရပါဘူး။ သုံးထပ်က ဓါတ်မှန်ခန်းမှာလိုအပ်တာတွေရိုက်ပြီး အခန်း ၇၁၅ ကိုပို့လိုက်ပါတယ်။မနက်တစ်နာရီခွဲနေပြီမို့ပြန်လာခဲ့ပါတယ်။ " လို့  ရေးသား ခဲ့ထားပါတယ်။
မကြီးစိုး ကျန်းမာရေး အမြန်ဆုံး ပြန်လည်ကောင်းမွန်ပါစေ လို့ ဆုတောင်း ပေး လိုက်ပါတယ်။
Saya U Win Nyein
#SueSue@Sunday Journal