အီတလီတွင် ငလျင်လှုပ်၊ အပျက်အဆီးများပြား


– အီတလီနိုင်ငံအလယ်ပိုင်းတွင် အင်အားပြင်းသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ကာ အဆောက်အဦးများ အကြီးအကျယ် ပျက်ဆီးခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

အမ်ဘရီယာဒေသရှိ နော်စီယာမြို့အနီးကို ဗဟိုပြုကာ ယနေ့မနက် ဒေသစံတော်ချိန် ၃ နာရီ ခွဲအချိန်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား ၆.၂ မဂ္ဂနီကျုရှိသည်။ ငလျင်ကြောင့် ရွာပေါင်း ဒါဇင်နှင့်ချီ ပျက်ဆီးခဲ့ပြီး၊ အထပ်မြင့်အဆောက်အဦးအများအပြားလည်း ပြိုကျပျက်ဆီးခဲ့သည်။

အီတလီ ပြည်သူ့ကာကွယ်ရေးအအေဂျင်စီကမူ အဆိုပါငလျင်မှာ ပြင်းထန်သည်ဟု ပြောကြားခဲ့သည်။ ကနဦးငလျင် လှုပ်ခဲ့ပြီးနောက်ပိုင်း ပြင်းအား ၅.၅ မဂ္ဂနီကျုရှိသည့် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ငလျင်ဒဏ်အဆိုးဆုံး ခံစားခဲ့ရသည့်မြို့များမှာ အကူမိုလီ၊ ပိုစတာ၊ အာရ်ကွာတာ ဒဲလ် ထရွန်တိုတို့ဖြစ်ကြသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: Aljazeera

Original: http://www.m-mediagroup.com/news/59301
Powered by Blogger.