သင်္ချာဒုနှစ် ကျောင်းသူလေးတစ်ဦးနှင့် အသက် ၇၂ နှစ် အဖွားတစ်ဦး နှလုံးရပ် သေဆုံးခဲ့ရသည့် ယာဉ်တိုက်မှု့
--------------------------------------------------------------------------
(6-8-2016) 8:00AM အချိန် မော်လမြိုင် မုဒုံ သွား လမ်းမကြီး ကြာအင်း မင်းသန့်ဆီဆိုင် အလွန်တွင် မုတ္တမ မှ လာသော ဘုရားဖူးမော်တော်ယာဉ် နှင့် မုဒုံ ဘက်မှ ကျောင်းသူ နှစ်ဦး မောင်းလာသော ဆိုင်ကယ် နှင့် တိုက်မိကာ မော်တော်ယာဉ်မှာ တိမ်းမှောက် ခဲ့ပါသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး RESCUE မော်လမြိုင်မှ ယာဉ် ၄ စီးဖြင့် သွားရောက် ကူညီပေးပြီး ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ သေဆုံးသူ မိဘများနှင့် အဆက်အသွယ် ရရန်စုံစမ်းပေးခဲ့ပါသည်။
ဆိုင်ကယ်စီးအမျိုးသမီး တက္ကသိုလ် ကျောင်းသူ ၂ ဦး အနက် ၁ ဦးမှာ ဆေးရုံအရောက်တွင် ဒဏ်ရာပြင်းထန်၍ သေဆုံးသွား ပါသည်။ မအဉ္ဇလီသန့် ဟု စာအုပ်တွင် ရေးထား ပါသည်။ မုဒုံ ကွမ်လှာရွာမှဟု ထပ်မံ သတင်း ရရှိပါသည်။ မော်တော်ယာဉ် ပေါ် ပါရှိသော မုတ္တမ ကော့စိုင် ရွာနေ ဒေါ်ကျင်သိန်း အသက် (၇၂)နှစ် အမျိုးသမီး တစ်ဦးမှာ ဆေးရုံရောက်ပြီး ၂ နာရီ ခန့် အကြာ နှလုံးရပ်၍ သေဆုံးသွားပါသည်။
*သေဆုံးသူများ၏ဓါတ်ပုံ တော့မတင်ပေးတော့ပါဘူး။မသင့်တော်လို့ပါ။
Credit@လူ ရွှင် တော်