ကလေးသူငယ်တွေကို အသုံးချ တောင်းစားခိုင်းနေကြတယ် သူတောင်းစားဂိုဏ်ဖွဲ့အစည်း မြန်မာပြည်တွင်ရှိ

ဒီနေ့ ဗိုလ်ချုပ်ဈေးမရောက်ခင်မီးပျွိုင့်နားမှာ ကလေး၃လသားလေးကို ၁၄နှစ်အရွယ်ကောင်မလေးကချီပြီး
မိုးရွာထဲ ပိုက်ဆံလိုက်တောင်းနေပါတယ် ကလေးလေးက တကိုယ်လုံးစိုရွှဲနေပါတယ် ခြေထောက်လေးတွေဆို အေးစက်တောင့်တင်းနေပါတယ် 
ကောင်မလေးကို သစ်ပင်အောက်ခဏလိုက်ခဲ့ပါ ပိုက်ဆံပေးချင်လို့ပါ ကလေးမိုးတွေစိုမစိုးလို့ပါခေါ်တော့ ကောင်မလေးကမလိုက်ဘူးငြင်းတယ်
 မီးပျွိုင့်မှာဆိုတော့ ကားတွေကြားမှာ ကားပေါ်ကလူတွေအကုန်မြင်နေတယ် အဖြစ်အပျက်ကိုကားသမားတွေကလိုက်သွားလေအော်မှ 
ကောင်မလေးက မယုံရဲနဲ့သစ်ပင်အောက်လိုက်လာတယ် သူ့ကိုမေးကြည့်တော့ ကလေးကသူ့ညီမလေးတဲ့ အဖေအမေကဆုံးသွားပီတဲ့အဒေါ်တွေနဲ့နေတာတဲ့ လှိုင်သာယာ ကျုးကျော်တဲတွေကပါ မိဘမရှိတော့ရင် အမတို့နဲ့လိုက်နေမလား မေးတော့ ငြင်းပြီး တဖက်ပလက်ဖောင်းကိုပြေးသွားပါတယ် 
ကျမလဲ အနားကမော်တော်ပီကယ်တွေ ဆီသွား အကျိုးအကြောင်းပြော ယောင်္ကျားက အဲ့ကောင်မလေးနောက်လိုက်သွားပြီး ပြန်ခေါ်လာတယ် မော်တော်ပီကယ်နဲ့ပေါင်းပြီး taxi ဌား ရဲစခန်းခေါ်သွားပါတယ် အသေးစိတ်မရေးတော့ပါဘူး အဲ့ကလေးမ၁၄နှစ်က အိမ်ထောင်သည်ပါ ကလေးအမေရဲ့ယောင်းမပါ အတော်လည်ပါတယ် အရမ်းလိမ်တတ်တယ် စကားအမျိုးမျိုးပြောတယ် ကလေးအမေက ဗိုလ်ချုပ်ဈေးနားမှာ ဆိုလို့သွားခေါ်ပြီးစစ်ပါတယ် 
သူ့အမေက တောင်းခိုင်းထားတာပါ သူတို့ကတော့မဟုတ်ဘူးငြင်းပါတယ် ကလေးအမေဟုတ်ဟုတ် နို့တိုက်ခိုင်းပါတယ် ဟုတ်ပါတယ် ရဲစခန်းကစစ်ချက်ယူ ဓာတ်ပုံရိုက်ယူ လိပ်စာ နာမည် အစုံမှတ်တမ်းတင်ထားပြီး ပြန်လွှတ်ပါတယ် နောက်တကြိမ်တွေ့ခဲ့ရင် ဖမ်းမှာပါ ထောင် ၆လကနေ ၁နှစ် အနဲဆုံး ချမှာပါ ခုလိုအလားတူအဖြစ်အပျက်တွေ နေရာတိုင်းလိုလို ရှိနေကြတယ် ကလေးသူငယ်တွေကို အသုံးချ နေရာတိုင်းလိုလို ဂိုဏ်းအဖွဲ့အစည်းတွေနဲ့ တောင်းစားခိုင်းနေကြတယ် အဲ့အဖွဲ့အစည်းကို ဖြိုခွင်းနိုင်ဖို့ဆိုတာ ရဲနဲ့ပြည်သူပူးပေါင်းမှအောင်မြင်မှာပါ အဲ့လိုမျိုးတွေ လမ်းမှာတွေ့ရင် ပိုက်ဆံမပေးကြပါနဲ့ ဘယ်နားမှာတွေ့တယ်ဆိုတာ ဖုန်းဆက်အကြောင်းကြားပေးပါ 
ကျမတို့မောင်နှမတွေဆွေးနွေးပြီးရင် ဆက်သွယ်ရမဲ့ဖုန်းတွေ
 ဒီပိုစ့်ကို edit လုပ်ပြီး ထည့်ရေးပေးပါမယ် လူကိုယ်တိုင်ပါဝင်လှုပ်ရှားနိုင်သူများလည်း အရမ်းလိုအပ်ပါတယ် ကျမတို့ကိုဆက်သွယ်ပါ ကူညီကြပါ ကလေးသူငယ် ညှင်းပမ်းနှိပ်စက်မှု ခိုင်းစေမှု အခကြေးငွေဖြင့် ဌားစားခြင်း ရောင်းစားခြင်း ပပျောက်ရေး စီမံချက် အကောင်အထည်ဖော်ရန် ပါဝင်လိုသူများ ကြိုဆိုပါတယ်ရှင့် 

Credit AyeMar Mar Aung
Powered by Blogger.