ဘီယာများလိုင်စင်မဲ့ရောင်းသည့်ဗိုလ်တထောင်မြို့နယ်မှ မီနီမားကပ်ဆိုင်တစ်ဆိုင်ကိုသန်းခေါင်ကျော်အချိန် ရဲဝင်ဖမ်း


ရန်ကုန် သြဂုတ် ၂၂

ဗိုလ်တထောင်မြို့နယ်၊ဗိုလ်အောင်ကျော်လမ်း(အောက်ဘလောက်)၊ရန်ကုန်စာတိုက်ကြီးအနီးရှိ ၂၄နာ
ရီမီနီမားကတ်တစ်ခုမှ ဘီယာ ဘူးနှင့်ဘီယာပုလင်း၄၀၀နီးပါး
ကို လိုင်စင်မဲ့ရောင်းချမှုကြောင့် ဗိုလ်တထောင်မြို့န
ယ်ရဲစခန်းမှ သြဂုတ်လ ၂၂ရက်နေ့ နံနက်၁နာရီအချိ
န်က ဝင်ရောက်သိမ်းဆည်းအရေးယူခဲ့သည်။

"စီမံချက်ရယ်တော့မဟုတ်ပါဘူး။လိုင်စင်မဲ့တွေရောင်း
နေတယ်ဆိုပြီး သတင်းရလို့လာဖမ်းတာပါ။အခုဖမ်းမိ
တဲ့ ဘီယာတွေအားလုံးကို သိမ်းဆည်းပြီး ရောင်းချ
သူတွေကို ဥပဒေအရအရေးယူဆောင်ရွက်သွားမှာပါ
"ဟု ဗိုလ်တထောင်မြို့နယ်ရဲစခန်းမှ စခန်းမှူးသန်းေ
ဌးကပြောသည်။

ဖမ်းဆီးရမိခဲ့သော ဘီယာများတွင် မြန်မာဘီယာ၊တို
က်ဂါး၊ဒဂုံဘီယာ၊ဟာနီကန်၊ABC စသည်ဖြင့် ဘီယာ
အမျိုးအစား ၁၃မျိုးကျော်ပါဝင်သည်။

ယခုဖမ်းဆီးသိမ်းဆည်းမှုသည် ဗိုလ်တထောင်မြို့နယ်အတွင်း လိုင်စင်မဲ့အရက်
ဘီယာများရောင်းချမှုကြောင့်ဖမ်းဆီးသိမ်းဆည်းခဲ့မှုတွင် ဒုတိယမြောက်သိမ်းဆည်းရမှုဖြစ်ကြောင်းသိရသည်။

ဖြိုးထက်အောင်
Popular News Journal
Powered by Blogger.