ဂေါ်ဇီလာမင်းသမီးလို့လူတိုင်းသိကြတဲ့ ပွင့်ရဲ့လက်ထပ်မင်္ဂလာသတင်းလေး


ဂေါ်ဇီလာမင်းသမီးလို့လူတိုင်းသိကြတဲ့ မမဝဝပွင့် ဟာ ဆိုရင် ဒီနှစ်ဝါမဝင်ခင်လေးတင် သူမရဲ့ချစ်သူ သင်္ဘောသား ကိုယ်လူချောနဲ့ ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာ ဧည့်ခံပွဲကို အနုပညာ အသိုင်းအဝိုင်းမှ မိတ်ဆွေများ နဲ့ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

သူတို့၂ယောက်ဟာ ချစ်သူသက်တမ်း ၄နှစ် အကြာမှာ
ဒီလိုမျိုး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတာလို့ဆိုပါတယ်။
ယောက်ျားဖြစ်သူ မိဘများမှလဲ ပွင့်လေးဟာ စိတ်ထား ဖြူစင်သူဖြစ်လို့ သဘောတူ ကြည်ဖြူကြပါတယ်တဲ့။

သူမရဲ့သတို့သားလေးကတော့
"မိန်းမတစ်ယောက်ရဲ့အပေါ်ယံခန္ဓာကိုယ်အလှထက် အတွင်းစိတ်ထားလှပမှုသာပိုအရေးကြီးကြောင်း

ပွင့်နဲ့ချစ်သူဖြစ်ခဲ့ရတဲ့၎နှစ်သက်တမ်းတစ်လျှောက်
သူ့အနေနဲ့များစွာပျော်ရွှင်ကြည်နူးခဲ့ရပါကြောင်း . . . .

မိန်းမဝနေလို့လဲ သူ့အနေနဲ့စိတ်နှောက်အယှက်မဖြစ်ရပါကြောင်း . . .
တစ်သက်လုံးရိုးမြေကျ ချစ်ခင်စွာ ပေါင်းသင်းသွားပါ့မယ် လို့ ဂျာနယ်တစ်စောင်ရဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ ပါတယ်။

ခင်ပွန်းချောချောအမိုက်စားလေးရလို့ ပွင့်လေးကတော့ တပြုံးပြုံးနဲ့ ပျော်ရွှင်မဆုံး ဖြစ်နေတော့တယ်လို့ မင်္ဂလာပွဲ ကို တက်ရောက်ခဲ့သူ သင်ဇာဝင့်ကျော် မှလဲ လက်တို့ ပြောကြားခဲ့ပါကြောင်း။
ကဲမမဝဝ တွေစိတ်ဓာတ်မကျနေကြနဲ့တော့နော့😉

သဘောတူတယ်ဆိုရင်Like & Share လုပ်ပေးပြီး သူတို့၂ယောက်ကို ဂုဏ်ပြုပေးလိုက်ကြရအောင်နော့။

Credit: အနုပညာလောကသတင်ထူးသတင်းဦးများ
မူရင်းလင့်ခ်>> https://m.facebook.com/story.php?story_fbid=1024562260990486&substory_index=0&id=1021869154593130
Powered by Blogger.