အင်ဒိုနီးရှားနိုင်ငံရဲ့ လူမနေကျွန်းများပေါ်မှာ ကျွန်ပြုခံထားရတဲ့ မြန်မာ၊ဖိလစ်ပိုင်၊ကမ်ဘောဒီယား နိုင်ငံသားများ


ခုတော့ တစ်ချို့တလေလွတ်ကုန်ပါပြီ။
၂၀၁၅ခုနှစ်က မြန်မာနိုင်ငံသားတစ်ဦး လွတ်လာစဉ် သတင်းတိုက်တစ်ခုဖြစ်သော APသတင်းထောက် အက်စသာထုဆန်က မေးမြန်းစုံစမ်း ရှာဖွေလိုက်ရာ ကမ္ဘာကသိသွားပြီး အင်ဒိုအစိုးရ အရှက်ရစရာဖြစ်ခဲ့တဲ့အတွက် နိုင်ငံတော်အဆင့် ရှာဖွေဖမ်းဆီးလိုက်သောကြောင့် အများစုမှာ ပြန်လဲလွတ်မြောက်လာကြသည် တချို့ကျွန်ပြုခံရသော လူများမှာ ပုံမှန်စိတ်မရှိတော့ပဲ ကိုယ့်နာမည်တောင် ကိုယ်မသိ ဘယ်နိုင်ငံသားမှန်းလဲ မသိတော့ လူမြင်ရင် ကြောက်လန့် စကားမပြောနိုင်တွေထိပါ ဖြစ်ကုန်ပါတယ်။ ကျွန်ပြုခံရသော လူများစုမှာ မြန်မာနိုင်ငံက အများဆုံးလို သိရပါတယ်။ ၄င်းတို့ခိုင်းစေရာကို မလုပ်ပါက ငလိပ်ချောက် အမှီးများဖြစ် ရိုက်နှက်ဆုံးမလေ့ ရှိပါတယ်။ ၄င်းကျွန်ပြုခံရသော လူများသည် ရေလုပ်ငန်းများတွင် အများဆုံးခိုင်းခံရသော သူများဖြစ်သည် ပင်လယ်ပြင်ငါဖမ်းရှာဖွေပြီးနောက် လူမနေကျွန်းများပေါ်တွင် ယခုလို နေရာချထားပေးပါသည်။ တချို့ကျွန်စခန်းတွေဆိုရင် ကျွန်လုပ်သား ၈၀၀ ကျော်အထိ ဖမ်းဆီးမိတဲ့ စခန်းတွေတောင် ရှိခဲ့ပါတယ်။

ကျနော်ပြောတာမယုံရင် ယခုအင်ဒိုက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကိုယ်တိုင်မေးကြည့်
[မှတ်ချက်-တရာမ၀င်သဖြစ် အစိုးရထောင်များတွင် ဖမ်းဆီးခံထားရာမှ လွတ်မြောက်လာသူများ မပါ
ကျွန်ပြုခံရသော လူများသာ..........]

သူတို့တွေဟာ လပေါင်းများစွာ နှစ်ပေါင်းများစွာ (တချို့ငယ်ငယ်ထဲက) အလုပ်လုပ်ခဲ့ရပင်မဲ့ အိမ်ပြန်ရချိန်မှာ လစာတစ်ပြားတစ်ချပ်မှ မရရှိပဲပြန်ခဲ့ရတယ် တရားဆွဲထားတယ်လို့တော့ ကြားတယ် အင်ဒိုအစိုးရ ရောကြေးငွေကလည်း အင်မတန်နည်းတယ်လို့ သိရတယ်........

Source' Myo Myint Maung
Powered by Blogger.