ထိုင်းနိုင်ငံက တန်ခိုးရှင်ဆိုတဲ့ လူလိမ်ဘုန်းကြီးတွေကို ဖော်ထုတ်နိုင်ခဲ့ပြီ ရုပ်သံ
-------- ------- ------
ထိုင်းဘုန်းကြီးတွေ ဒယ်အိုးထဲဝင်ထိုင် မီးမြိုက်ပြီး ပွက်ပွက်ဆူတဲ့ရေနွေးထဲမှာ ထိုင်ပြလူတာဟာ သိပ္ပံနည်းပညာသုံးပြီး လိမ်နေတာပါလို့ ထိုင်းသိပ္ပံပညာရှင်နှစ်ယောက်က ဖော်ထုတ်ပြလိုက်ပါတယ်။
ဒယ်အိုးကြီးကို နှစ်ထပ်လုပ် အလယ်မှာ လေဟာနယ်နဲ့ အပူခံပြားတွေထား ရေကို ဆူပွက်အောင် အငွေ့တွေထွက်အောင် ခရစ္စတယ်လ်နဲ့ ဆီတွေထည့်ပြီး တန်ခိုးပြသလိုနဲ့ လူတွေကို လိမ်စားနေတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။
ချူလာလောင်ကွန် တက္ကသိုလ်က ကထိက ဆရာနှစ်ယောက်က လူလိမ်ဘုန်းကြီးတွေ လုပ်ပုံအဆင့်ဆင့်ကို သူတို့သုံးစွဲတဲ့ ဓာတ်ပစ္စည်းတွေနဲ့တကွ လုပ်ပြပြီး Youtube မှာ အားလုံးသိအောင် ဖြန့်ချပြခဲ့တာပါ။
သတင်းမီဒီယာနဲ့ အင်တာဗျူးမှာတော့ ဒီသိပ္ပံကထိက က "Open your mind with science" လို့ပြောသွားလေရဲ့။
(ကို Phyo Wai Lin ရေးသားသည်)
Video Credit Ye Myint Oo