လောကဓံရိုက်ချက် ကလေးနှစ်ယောက်ကို တွေ့တဲ့သူ လိုက်ပေး သီလရှင် ဝတ်မလို့တဲ့
---------------------------------------------------------------------------
ယောင်္ကျားဖြစ်သူက တနယ်တကျေး (နေပြည်တော်)မှာ သားသမီး နှစ်ယောက်နဲ့ ပစ်ထားခဲ့လို့ သားသမီး နှစ်ယောက်နဲ့ တနင်္သာရီတိုင်း ကုလာသူရိရွာက မိခင်ဆီ ကို အခက်အခဲ အမျိုးမျိုးနဲ့ ပြန်လာတာ။
မိခင်အိမ် ရောက်တော့ မိခင်ကလက်ခံထားပေမဲ့ ပထွေး ဖြစ်သူက လက်ခံထားတဲ့ မိခင်ကို အရက်မူပြီးရိုက်သလို ကြားက သူမကိုလည်း ဓါးကောက်နဲ့ခုတ်လို့ ဦးခေါင်း မှာ ထိသွားတော့ ခလေးနှစ်ယောက် ဆွဲပြီး ကော့သောင်းကို ထွက်ပြေးလာတဲ့ မိသားစုပါ။ လမ်းမှာ ခလေး နှစ်ယောက်ကို တွေတဲ့သူ လိုက်ပေးနေတာ တွေလို့ ကျွန်တော်အသိ မူဆလင် ကောင်လေး တစ်ယောက်က ဘေးတွဲနဲ့တင်ပြီး ကျွန်တော်ဆီ လာအပ်ထားပါတယ်။
မေးကြည်တော့ ခလေးနှစ်ယောက်ကို ယူချင်တဲ့သူယူ အလကားပေးမယ်။ သူမကတော့ မယ်သိလရှင် အပြီး ဝတ်မယ်တဲ့။
အမည်က မကေသွယ် အသက်က ၂၅ နှစ်။ သမီးက ၅ နှစ်။ သားက ၂ နှစ်ပါ။ ခလေးနှစ်ယောက် ကိစ္စကို ကော့သောင်းမြို့က လူမူအသင်းအဖွဲများ အနေနဲ့ တတ်နိုင်ရင် ကျွန်တော်ကို ဝိုင်းဝန်း အကြံဥာဏ် ပေးကြပါ။ ကျွန်မှာလည်း ကိုပိုင်ဘောလုံး တစ်သင်းစာ ရှိနေလို့ပါ။ အထူးသဖြင့် မောင်နှမ နှစ်ယောက် မခွဲရ အောင် စဉ်းစားပေးပါ။
ဒီထက်စိတ်ဝင်စားစရင် မီဒီယာများ ရွှေပြည်စိုးကျေးရွာ က ဆုံဆည်းရာဆိုင်ကိုလာခဲ့ပါ။
သတင်း - Oo Myint Oo