ငလျင်ကြောင့် စေတီပုထိုးပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီး
==========
စစ်ကိုင်းတိုင်းဒေသကြီးမှာ စေတီပုထိုးနဲ့ သာသနိက အဆောက်အအုံ ခုနစ်ခု ပျက်စီးခဲ့ပါတယ်။
ငလျင်ကြောင့် ပုဂံအပါအဝင် နိုင်ငံတစ်ဝန်းမှာ ဘုရားစေတီပုထိုးပေါင်း ၂၃၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပုဂံမှာ ရှေးဟောင်း စေတီပုထိုးပေါင်း ၁၈၆ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ စေတီပုထိုးနဲ့ သာသနိက အဆောက်အအုံ ခုနစ်ခု ပျက်စီးခဲ့ပါတယ်။
စလေဒေသမှာ စေတီပုထိုး ကိုးဆူ၊ မြောက်ဦးဒေသမှ ရတနာမာန်အောင်ဘုရား၊ ကိုးသောင်းပုထိုးတော် အရံစေတီနဲ့ ရတနာပုံ စေတီတော်တို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ စေတီပုထိုးတော်တွေနဲ့ သာသနိက အဆောက်အအုံတွေ ပျက်စီးခဲ့ရပြီး တောင်သာမြို့နယ်မှာ စေတီ ၁၀ ဆူ၊ မကွေးတိုင်း ရေနံချောင်း၊ ပွင့်ဖြူ၊ မင်းလှ၊ ဆိပ်ဖြူမြို့နယ်တို့မှာ စေတီ ၁၃ ဆူ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ စေတီတော်တစ်ဆူတို့ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
Source: 7Day Daily