ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်လုံးထီလောင်းကစားပြုလုပ်သူများအား  ဖမ်းဆီးအရေးယူ


ရန်ကုန်၊ သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း လောင်းကစားမှုများကင်းစင်ရေးအတွက် 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အစီအမံ များချမှတ်ကာ လောင်းကစား
ပြုလုပ်ကြောင်း သတင်းစုံစမ်းရရှိသူများအား အရှိန်အဟုန်မြှင့် ဖမ်းဆီး
အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၁၉.၈.၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် 
အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်/ရဲစခန်းများမှတပ်ဖွဲ့ဝင်များက
လောင်းကစားပြုလုပ်သူများအား သက်သေများနှင့်အတူ သတင်းစုံစမ်း
ရှာဖွေဖမ်းဆီးခဲ့ရာ သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ဧရာဝဏ်
လမ်းရှိ ထမင်းဆိုင်တွင် ချစ်တီး(ခ)မြင့်ထွန်းထံမှ နှစ်လုံးထီလောင်းကစား
ပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ
ကျပ် ၅၁၀၀၀၊ မြင့်မြင့်အေးထံမှ လောင်းကြေးငွေ ၃၅၀၀တို့နှင့်အတူ 
ဖမ်းဆီးရမိပြီး ချစ်တီး(ခ)မြင့်ထွန်း၏ဒိုင်ချုပ်အဖြစ် လောင်းကစားလုပ်
ကိုင်သူ (၉)ရပ်ကွက်ရှိ ဒေါ်ကျင်ထွေး၏နေအိမ်အား ဆက်လက်ရှာဖွေ
ဖမ်းဆီးရာ ၎င်းထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် 
စာရွက်စာတမ်းများ၊ လက်ကိုင်ဖုန်းများနှင့် လောင်းကြေးငွေကျပ် ၇၀၆၀၀တို့
အားလည်းကောင်း၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်ရှိ နေအိမ်
တွင် လောင်းကစားဒိုင်ချုပ်အဖြစ်လုပ်ကိုင်သူ သန်းဦးထံမှ နှစ်လုံးထီ
လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများ၊ လက်ကိုင်
ဖုန်းများနှင့် လောင်းကြေးငွေကျပ် ၃၁၀၀၀၀ တို့အားလည်းကောင်း၊ 
သင်္ဃန်းကျွန်းမြို့နယ်၊ စ/ခ ရပ်ကွက်၊ မလိခအိမ်ရာဝင်းရှိ ဈေးဆိုင်တန်း
တွင် ဒေးဗစ်(ခ)မောင်မောင်တင်ထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာ
တွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ် ၇၃၃၀၀ 
တို့အားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်ရှိ ထမင်း
ဆိုင်တွင် မတင်တင်ဦးထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင်အသုံး
ပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ် ၃၁၇၅၀ တို့အား
လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ)ရပ်ကွက်၊ မေဓါဝီဈေးလမ်းရှိ 
လက်ဖက်ရည်ဆိုင်တွင် ဦးမြသိန်းထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်
ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ် 
၁၅၅၀၀၀၊ ဦးမောင်ညိုထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင်အသုံး
ပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ် ၁၂၀၀၀၊ ဦးစံထွန်းဦး
ထံမှ နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်း
များ၊ လောင်းကြေးငွေကျပ် ၉၉၀၀ နှင့် ဦးစိုးသိန်းထံမှ နှစ်လုံးထီလောင်း
ကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေး
ငွေကျပ် ၁၀၄၅၀ တို့အားလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊
ကျောက်ရေတွင်းရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် ကျော်စိုးထံမှ နှစ်လုံးထီ
လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်
လောင်းကြေးငွေကျပ် ၈၁၁၀၀ အားလည်းကောင်း၊ ရန်ကင်းမြို့နယ်၊ 
(၁၆)ရပ်ကွက်၊ ရတနာလမ်းတွင် ဇင်မင်းကျော်ထံမှ နှစ်လုံးထီလောင်း
ကစားပြုလုပ်ရာတွင်အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေး
ငွေကျပ် ၃၈၂၅၀ အားလည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့လောင်းကစားပြုလုပ်သူများအား သက်ဆိုင်ရာရဲစခန်းများတွင်
အမှုများအသီးသီးရေးဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း 
သတင်းရရှိပါသည်။

Ref: Yangon Police
Powered by Blogger.