အကြမ်းဖက်သံသယရှိသူများ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းလာပါက သတင်းပေးရန် တရုတ်ရဲတပ်ဖွဲ့က တောင်းဆို
By အောင်သစ်လွင်
Mon, 2016-08-29
တရုတ်နိုင်ငံတွင် အ ကြမ်းဖက်ဖောက်ခွဲနိုင်သည်ဟု တရုတ်အစိုးရက သံသယရှိသူ များ မြန်မာနိုင်ငံသို့ ဖြတ်သန်းလာပါက သတင်းပေးရန် တရုတ်ရဲတပ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့တောင်းဆိုထားကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံ ရှင်ကျန်းပြည် နယ်တွင် အခြေချနေထိုင်သူအချို့ သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စ တန်နိုင်ငံတို့မှ အိုင်အက်စ်အဖွဲ့ထံ မှ အကြမ်းဖက်သင်တန်းများသွား ရောက်တက်နေကြောင်း သတင်း ရ၍ အထက်ပါအတိုင်းတောင်းဆို ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူး ကြီးတစ်ဦးဦးဆောင်ကာ ရဲအရာ ရှိ ကိုးဦးက တရုတ်နိုင်ငံသို့ သွား ရောက်သည့် ခရီးစဉ်တွင် တရုတ်နိုင်ငံတာဝန်ရှိသူများက အထက် ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ် သည်။
‘‘ရှင်ကျန်းပြည်နယ်မှာ နေ တဲ့သူတချို့ပေါ့။ သူတို့တွေက ပါကစ္စတန်တို့၊ အာဖဂန်နစ္စတန် တို့ဘက်မှာ အိုင်အက်စ်တွေနဲ့ သွားပေါင်းပြီး သင်တန်းတက်နေ တယ်လို့ သူတို့သတင်းရတယ်။ အဲဒါတွေ ကျွန်တော်တို့ အထဲကို ဖြတ်လာလို့ ဖမ်းမိရင်သတင်းပေး ပါ။ ပြည်နှင်ဒဏ်ပေးရင်ပြောပေး ပါလို့ပြောတယ်’’ဟု တရုတ်နိုင်ငံ ခရီးစဉ်တွင်လိုက်ပါခဲ့သူအရာရှိ တစ်ဦးကဆိုသည်။
သြဂုတ်၂၀ရက်မှ ၂၃ရက်အ ထိ ကြာမြင့်သော ယင်းခရီးစဉ် တွင် မြန်မာနှင့် တရုတ်နိုင်ငံရဲတပ် ဖွဲ့က မူးယစ်ဆေ၀ါးတိုက်ဖျက် ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက် ရေးအတွက် ပူးပေါင်းဆောင်ရွက် ရေးကိစ္စများလည်း ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
7Day

