ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအ၀င် ငါးလောင်းပြိုင်သတ်ခဲ့သူ
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ လေးလအရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လူငါးဦးကို သတ်ခဲ့

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ လေးလအရွယ် ကလေးငယ်တစ်ဦးအပါအ၀င် လူငါးဦးကို သတ်ခဲ့သည့် တရားခဲ့ Derrick Ryan Dearman က ရဲစခန်းကို မိမိဘာသာ လာရောက် အဖမ်းခံခဲ့ပါတယ်။ တရားခံဟာ အသက်(27)နှစ် အ
ရွယ် ရှိနေပြီ ဖြစ်ပြီး အမေရိကန် Citronelle မြှို့က Jim Platt လမ်းအနီးက Prine ဧရိယာအတွင်းမှာရှိတဲ့ အိမ်တစ်လုံး
မှာ ငါးလောင်းပြိုင် လူသတ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အမျိုးသမီးတစ်ဦးဟာ Citronelle ရဲစခန်းမှာ သူမဟာ ပြီးခဲ့တဲ့ညက အတိုက်ခိုက်ခံခဲ့ရကြောင်း၊ လူ
သတ်သမားလက်မှ သူမက ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ငါးဦးအထိ သေဆုံးခဲ့ကြောင်း တိုင်ချက်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်နဲ့ မရှည်မနှောင်းမှာပဲး ငါးလောင်းပြိုင် လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ Ryan ဟာ အဆိုပါ ရဲစဖန်းမှာပင် လာရောက်အဖမ်းခံကာ လူသတ်မှုအားလုံးအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။
ရာဇ၀တ်မှုနှိမ်နှင်းရေးမှ အကြီးအကဲတစ်ဦးဖြစ်တဲ့ Attorney Ashley Rich က ဒီလောက်ရက်စက်တဲ့ လူသတ်မှုမျိုးကို သူ အနှစ်(20) တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက်အတွင်း မကြုံခဲ့ဖူးကြောင်း ပြောပါတယ်။ ရဲစခန်းကို လာ
ရောက်အမှုဖွင့်ခဲ့တဲ့ အမျိုးသမီးကလည်း ” ဒီလို ရက်စက်မှုမျိုးကို တစ်ခါမှ မမြင်ဘူး … မကြုံခဲ့ဖူးပါဘူး … ခဏချင်းမှာပဲ လူငါးယောက်ဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ် … အဲဒီအိမ်ထဲမှာ လူသတ်သမားသုံးထားတဲ့ လက်နက်မျိုးစုံကို တွေ့ရမှာပါ “လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးဒ ဒေသခံရဲတပ်ဖွဲ့ဟာ 911 ကို အရေးပေါ် ဖုန်းခေါ်ဆိုမှုကို နေ့လည် (12)နာရီနဲ့ 1 နာရီကြားမှာ
လက်ခံရရှိခဲ့ပါတယ်။ မကြာခင်မှာ ရဲတပ်ဖွဲ့ဟာ တရားခံကို ဖမ်းဆီးဖို့ထွက်သွားတဲ့ အချိန် တရားခံ Ryan က လူသတ်မှုအ
အတွက် လာရောက် အဖမ်းခံခဲ့ပြီး ဖြစ်ပါတယ်။
အခင်းဖြစ်တဲ့ နေအိမ်မှာ အစ်ကိုတစ်ယောက်၊ ညီမတစ်ယောက်နဲ့ သူတို့ရဲ့ မိသားစုဝင်နှစ်ယောက် အတူနေကြပြီး ပြစ်မှုကျူးလွန်သူနဲ့ သေဆုံးသူ ကိုယ်ဝန်သည် အမျိုးသမီးဟာ လူမှုရေးပြဿနာတွေ ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပတ်
သက်မှုမှာ ကလေးတစ်ယောက် အဖက်တင်ကျန်ခဲ့ပြီး တရားခံဟာ သူ့ရဲ့သားကို ကို်ယ်တိုင် သတ်ပစ်ခဲ့တာလို့ သိရပါ
တယ်။

တရားခံ Ryan က ” ကျွန်တော့်သားကို ကျွန်တော် မပိုင်ဆိုင်ရဘူးဆိုရင် သူ့ကို ကျွန်တော် ကိုယ်တိုင် သတ်ပစ်မှ ဖြစ်လိမ့်မယ် “လို့ ရဲအရာရှိတွေရဲ့ စစ်မေးမှုကို ဖြေကြားခဲ့ပါတယ်။ ယခုအချိန်မှာတော့ FBI က တရားခံနဲ့အတူ အခြားရာဇ၀တ်မှု
တွေ ရှိမရှိကို ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ တရားခံ Ryan ကို လောလောဆယ်၊ လူသတ်မှုငါးခု၊ လူ
သတ်ရန် ကြိုးစားမှု တစ်ခုတို့နဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
mirror.co.uk