ယွန်းဝတီလွင်မိုးကို သြစတြေးလျမှာ ကျောင်းသွားတက်ခိုင်းတော့မယ် လွင်မိုး

မြန်မာ့ရုပ်ရှင် ဖွံ့ ဖြိုးတိုးတက်ရေး ဖိုရမ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် အကယ်ဒမီလွင်မိုးကို မေးကြည့်ရာ ကောင်းပါတယ်။ ဒီလောက်ကြီးကျယ်ခမ်းနား

ပြီးတော့ စက်ပစ္စည်းတွေ အစုံခင်းကျင်းပြသပြီး အနုပညာသမားတွေရဲ့ ဘ၀ကို မြှင့်တင်ပေးတဲ့ပွဲမျိုးလည်း သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ 


ဒါကလည်း နောက်ဆုံးအကြိမ် မဖြစ်ဖို့လိုတာပေါ့နော်။ နောက်ပိုင်းပွဲပြီးသွားရင်လည်း ဆက်လက်ပြီး လုပ်ဆောင်ကြဖို့ ကျွန်တော်တို့တွေ ၀ိုင်းကြ ၀န်းကြ

ပြီးတော့ လုပ်ပေးနိုင်တဲ့သူတွေကလည်း လုပ်ပေးကြမှာပါ။ လုပ်ပေးခဲ့ကြရတဲ့သူတွေကလည်း ၀ိုင်းဝန်းကြိုးစား ကြပါလို့ပဲ ပြောချင်တယ်။ အခုဆွေးနွေး

တင်ပြထားတဲ့အပေါ်မှာ ဘာမှ ပြောလို့မရသေးဘူး။ ဘာမှသုံးသပ်လို့ မရသေးဘူးဆိုတာကလည်း ဖြစ်တည်နေတဲ့ အခြေအနေ အကြောင်းအရာကြီး 

တစ်ခုလုံးကို အထဲမှာ ရှိနေတဲ့သူတွေ အကုန်လုံးက အပြင်ကိုထွက်ပြီးတော့ သိသမျှတွေကို ပြန်ပြီးဆွေးနွေးကြတဲ့ ပုံစံပါ။


ဆွေးနွေးပြီးလို့ အဖြေတစ်ခုရသွားပြီးရင် အဲဒါကို အကောင်အထည်ဖော်ကြည့်ဖို့တော့ လိုပါတယ်” လို့ပြောပါတယ်။ ရုပ်ရှင်လောက သားတွေက လွင်မိုးရဲ့ 

ရုံ၁၀၀ စီမံကိန်း အပေါ် မျှော်လင့်ထားကြတာနဲ့ ပတ်သက်ပြီးတော့လည်း အမှန်တော့ ရုပ်ရှင်က ၁၉၇၀ မှာ ရုပ်ရှင်ရုံပေါင်း ၄၀၀ ရှိတယ်။ အဲဒီတုန်းက လူဦး

ရေက သန်း ၂၀ လောက်တော့ ရှိတယ်။ ပြန်ပြီး အချိုးချကြည့်ရင်တော့ ရုပ်ရှင်ရုံတစ်ရုံမှာ လူငါးသောာင်း ရှိတာပေါ့။ အခုက လူဦးရေ သန်း ၅၀ ကျော်သွားတဲ့

အခါမှာ ပြောင်းပြန်အချိုးဖြစ်သွားပြီးတော့ ရုပ်ရှင်ရုံက ၄၀ ကျော် ၅၀ လောက်ပဲ ကျန်တော့တယ်။ ခုံအရေအတွက်နဲ့ ဆို ခုံက ၈၀၀၀ ပဲ ရှိတော့တယ်။ လူဦး

ရေ သန်း ၆၀ လောက်မှာ ခုံ ၈၀၀၀ ပဲ ရှိတော့ အရမ်းကွာဟနေတယ်။ 


အဲဒီတော့ ရုပ်ရှင်ရုံတွေ လိုအပ်တာက ရုံ ၁၀၀ တောင် မကပါဘူးလို့ ပြောပါတယ်။ ယွန်းဝတီလွင်မိုးနဲ့ ပတ်သက်ပြီးတော့လည်း သမီးက သြစတေးလျမှာ

ကျောင်းသွားတက်ရမယ်။ အောက်တိုဘာ နိုဝင်ဘာလလောက်တော့ သွားဖြစ်မယ်ထင်တယ်။ အရင်ဆုံး Foundation တက်ရမယ်။ ပြီးရင်ဘာဆက်

တက်မလဲတော့ မသိဘူး။ သူ့ကိုပဲ တိုက်ရိုက်မေးတာပဲကောင်းပါတယ်။ ကျွန်တော်က အဲဒီလိုမပြောပြတတ်ဘူး (ရယ်လျက်)။ တော်ကြာပြောလိုက်လို့ 

တလွဲတွေဖြစ်နေရင် အရှက်တွေကွဲကုန်ဦးမယ်။ သူ့ကို လောလောဆယ် ပညာရေးပဲ ဦးစားပေးနေဖြစ်တယ်”လို့ ပြောပါတယ်။ 



Credit - Oasis Journal

Written By ရန်ပိုင်စိုး




Powered by Blogger.