ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒုတိယတန်း ကျောင်းသူ တစ်ဦးအား အဓ္ဓမပြုကျင့်မှု့ဖြစ်ပွား


---------------------------------------------------------------------------
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု နောင်ဆံဗတ် ကျေးရွာမှာ မနေ့ညနေ ၅နာရီ လောက်က ဒုတိယတန်း ကျောင်းသူ လေး နန်းဆိန်း ကို လူမဆန်စွာ အဓမ္မပြုကျင့်ပြီး လည်ပင်းကို ကြိုးတစ်ချောင်းနဲ့ မသေမချင်း သတ်ဖြတ် သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ် အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါကြောင်း ဘန်းယဉ် ရဲစခန်းမှ စခန်းမှုး ဦးစိုင်းမောင်ထွေးက ပြောကြားပါတယ်။ ပအိုးဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှာ သက်ငယ်မုဒိန်းကျင့် လူသတ်တဲ့ အမှု ဖြစ်တဲ့ ဒီအမှုဟာ ဒီတစ်ကြိမ်ပဲ ဖြစ်ခဲ့ဖူးကြောင်း ပြောကြား ခဲ့ပါတယ်။ မကြာခင်မှာ တရားခံကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့အနေနဲ့ အစွမ်းကုန် ကြိုးစားဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


နောင်သံဗတ်မှာ လုံခြုံမှုမရှိဘူး။ ပြဿနာဖြစ်တိုင်း ဘယ် အဖွဲ့အစည်း ရဲတပ်ဖွဲ့တွေက လာရောက်ကူညီမှုမရှိခဲ့ဘူး ဒီတခါမှာ မီဒီယာတွေ မကူညီဘူး ဆိုရင် ဒီအမှုက ဒီတိုင်း သာ ပြီးသွားမှာဖြစ်တယ်၊ သေသွားတဲ့ ၂တန်း ကျောင်းသူဟာ အဆင်းရဲဆုံးမို့ ဌာနဆိုင်ရာတွေ ထိထိ ရောက်ရောက် အရေးမယူ မှာကိုလည်း စိုးရိမ်ပူပန် နေကြတယ်လို့ သေသွားသူရဲ့ အတန်းပိုင်ဆရာမက ပြောပါတယ်။


ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရတာ အမြန်ဆုံး ဖော်ထုတ် အရေးယူဖို့ လိုတယ်လို့လည်းဆိုပါတယ်။ ကလေး မိဘတွေက ပအိုဝ်းတိုင်းရင်းသားမို့ မြန်မာလို မပြောတတ်ဘူး ဖြစ်ပါတယ်။

Source :ခွန်ရာဇာ

                    https://m.facebook.com/story.php?story_fbid=321327424874033&id=100009903331555

Via Ko Ye Htut Gyi

Powered by Blogger.