ငလျင်ကြောင့် ပခုက္ကူမှာ လူတဦးသေ၊ ပုဂံဘုရားများ ပျက်စီး


ဇာနည်မာန်/ဧရာဝတီ

ဧရာဝတီက ကနဦးရရှိတဲ့ သတင်းများအရ မကွေးတိုင်း ပခုက္ကူမြို့ အရှေ့ဖက် ကွင်းရွာက ဗာဂျီးနီးယား ဆေးပေါင်းရုံတခု ပြိုကျလို့ အမျိုးသားတယောက် သေဆုံးသွားကြောင်း သိရပါတယ်။ တယောက်ကတော့ ဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ထဲက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်း တချို့က အုတ်တံတိုင်းတွေ ပြိုကျတာလည်း ရှိပြီး မြို့ပေါ်မှာတော့ လူထိခိုက်တာ လောလောဆယ်တော့ မကြားမိသေးပါ။ ပုဂံမြို့ဟောင်းမှာတော့ လောကနန္ဒာဘုရား ဖောင်းရစ်အထိ ပြိုကျသွားပါတယ်။ စူဠာမဏိ၊ ဂူပြောက်ကြီး၊ ရွှေစေတီ၊ အာနန္ဒာ စသည့် နာမည်ကြီး စေတီပုထိုးများအပါအဝင် ရှေးဟောင်းစေတီ ၄၄ ဆူထက်မနည်း ပျက်စီးမှု ရိတယ်လို့ ပုဂံ ရှေးဟောင်းက ပြောပါတယ်။ အသေးစိတ် ဘယ်လို ပျက်စီးတယ်ဆိုတာ လိုက်ကြည့်နေတုန်းပါတဲ့။ လူထိခိုက်တာ မရှိလို့ ဆိုပါတယ်။

The Irrawaddy
Powered by Blogger.