ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပေါ်ရှိ ဇမိချောင်းယာယီဘေလီတံတား ရေကျော်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီအချိန်မှစ၍ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပေါ်ရှိ အရှည် ၂၇၀ ပေရှိသော ဇမိချောင်းယာယီဘေလီ
တံတား သံပေါင်ပေါ်ထိ ချောင်းရေများမြင့် တက်လာခြင်းကြောင့် တံတားကြမ်းခင်းများ
ဖြုတ်လိုက်ရပြီး ဘေလီ တံတား မျောပါ
မသွားစေရေးအတွက် ကြိုးများ ဆိုင်းထားခြင်း
တို့ ကို ဆောင်ရွက်လျက်ရှိကာ ယာဉ်အသွား
အလာ ခေတ္တပြတ်တောက်သွားမည် ဖြစ်ပါသည်။ ချောင်းရေကျပါက ကြမ်းခင်းများ အမြန်ဆုံးပြန်လည် တပ်ဆင် ဆောင်ရွက်သွား
မည်ဖြစ်ပါကြောင်းနှင့် တံတားအထူး အဖွဲ့(၁၄) မှ ယာယီ ဘေလီ တံတား မျောမပါသွားစေရေး အနီးကပ်ကြီးကြပ် ကာ စောင့်ကြည့်ဆောင်ရွက်
လျက် ရှိပါကြောင်း ကရင်ပြည်နယ် လမ်းဦးစီး
ဌာနမှ သတင်းရရှိသည်။
credit: စောမျိုးမင်းသိန်း(ပြန်/ဆက်) MOI