မြန်မာနိုင်ငံ နာဂနယ်အရှေ့ပိုင်းအတွက် ဝမ်းနည်းစရာသတင်း မြန်မာနိုင်ငံ နာဂဒေသအား အရေးပေါ်အခြေအနေ ကြေညာ
==========================
ကျွန်တော်တို့ရဲ့ဒေသ မြန်မာနိုင်ငံ နာဂနယ်အရှေ့ပိုင်းအတွက် ဝမ်းနည်းစရာသတင်းပါ။
ဇူလိုင်လ ၁၄ ရက်နေ့တုန်းက လဟယ်မြို့နယ်ထဲက (မြို့နဲ့ ၃၈မိုင်လောက်ဝေးတဲ့) #Thankholama ရွာက ကလေးတစ်ယောက် ရောဂါဆန်းတစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ (ဘာရောဂါလဲတော့ သေချာမသိဘူး၊ ဓာတ်ပုံတွေ ကြည့်လို့ရပါမယ်။) ရောဂါက ဆက်တိုက် ပြန့်လာပြီး တစ်လထဲမှာ ကလေး ငါးယောက် သေဆုံးသွားတဲ့နောက်တော့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ လဟယ်မြို့က ဆေးဌာနကို ရွာလူကြီးတွေက အကြောင်းကြားလိုက်ပါတယ်။ဒါပေမယ့်လည်း ဒီလောက် ကူးစက်မြန်တဲ့ရောဂါကိုတောင် ဘာမှ ထိထိရောက်ရောက် လုပ်မပေးကြဘူးလေ။ ခုချိန်မှာတော့ ရွာပေါင်း ၇ ရွာကို ကူးသွားပြီး စုစုပေါင်း ၃၄ ယောက် ကွယ်လွန်ခဲ့ရပါပြီ။ ကလေးတွေ အများစုပါ။
လဟယ်မှာက ဆရာဝန်တစ်ယောက်ပဲ တာဝန်ကျနေတာ။ သူ့ကိုလည်း ဆက်သွယ်ရခက်ပါတယ်။ သူ့ဆီကို ဖြစ်ဖြစ်ချင်းကတည်းက အကြောင်းကြားပေမယ့် ၃၈-မိုင်ခရီးကို ခြေလျင်လာဖို့ မရတော့ သူလည်း အဲဒီကို မသွားနိုင်ပါဘူး။
ခုချိန်ထိတော့ ရွာကို တခြား ဘာနဲ့မှ သွားရတဲ့ လမ်း မရှိသေးဘူးလေ။ နာဂဒေသအတွက် ဆရာဝန်နဲ့ ဆေးဝါး အလောက်အငှလည်း မရှိသေးပါဘူး။
ဒီသတင်းရတာ သုံးလေးပတ်နေတော့ ဒေသကောင်စီအနေနဲ့ ကျွန်တော်တို့ရဲ့ လွှတ်တော်အမတ် ဦးလောရုံကို ဒီအကြောင်း မေးခွင့်ရခဲ့ပါတယ်။ သူက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရဆီကို အကြောင်းကြားထားကြောင်းနဲ့ သွေးအဖြေ စောင့်နေတာဖြစ်ကြောင်း ပြောပါတယ်။ဒီလောက် မြန်မြန် လူတွေသေနေတာတောင် ဘာလို့ ဒီလောက် ကြာနေရတာပါလိမ့်။ ဘာလို့များ ထိထိရောက်ရောက် မလုပ်ပေးကြသေးတာပါလိမ့်။
ဒီနေ့ ကျွန်တော် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ သူက ဒုသမ္မတ ဦးဗန်ထီးဟိုနဲ့ ပြောထားပြီးကြောင်း ကျွန်တော့်ကို ပြောပါတယ်။ သူက အစိုးရအနေနဲ့ နာဂဒေသကို အမြန်ဆုံး အရေးပေါ်အခြေအနေ ကြေညာမှာဖြစ်ကြောင်း ဖုန်းထဲကနေ ကျွန်တော့်ကို ပြောပါတယ်။
ခဏခဏ သတင်းရထားပါလျက်နဲ့ ဘာလို့များ ဒီလောက် ကြာနေရသေတာပါလိမ့်။ ဘာလို့များ သက်ဆိုင်ရာ ဌာနတွေဆီက ထိထိရောက်ရောက် မတုန့်ပြန်ရသေးတာပါလိမ့်။
အိန္ဒိယဘက်ခြမ်း နာဂဒေသက ဆရာဝန်များခင်ဗျား … လူကြီးမင်းတို့ရဲ့ ညီနောင်တွေဖြစ်တဲ့ အပြစ်မဲ့ကလေးတွေကို ကယ်ဖို့ ဒီရောဂါဆိုးကို ဟန့်တားနိုင်ဖို့ လာကူကြပါဦးဗျာ။(ကောက်နုတ်ချက်)
#AthongMakury
ဥက္ကဋ္ဌ
နာဂရေးရာကောင်စီ
(ဓာတ်ပုံများကို U Aung Htut ထံမှ ကူးယူပါသည်။)
ဘာသာပြန်ဆိုသူ
ကို Kyaw Moe Aung
#EmergencyInNaga
#Naga
#Myanmar
မူရင်းပို့စ့်
https://www.facebook.com/athongmakury/posts/1048711145183420