Facebook Profile Photoကို လေလံတင်မယ့် ပိုပို


အဆိုတော် ပိုပိုက facebook Profile Photo ကို လေလံတင်မယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ အဲ့လို လေလံတင်ရာမှာလည်း လုပ်ငန်းရှင်များရဲ့ ကြော်ငြာများကို တစ်လတင်ပေးဖို့အတွက် လက်ရှိမှာလည်း လေလံတင်လျက်ရှိတယ်လို့ သိရပါတယ်။


လေလံတင်ရာက ရရှိလာတဲ့ ငွေကြေးတွေကို ရေဘေးအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုပိုဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် ဘယ်တော့မှ လက်မနှေးတဲ့ အဆိုရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo : ပိုပိုဖေ့စ်ဘွတ်
Powered by Blogger.