အေးမြတ်သူ အတွက် ဒီကားက စိန်ခေါ်မှုတစ်ခုပါပဲလို့ ဆိုတဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်


ေ အး မြ တ် သူ နှ င့်ေ တွ့ ဆုံ ခြ င်း

တစ်ချိန်က အောင်မြင်ခဲ့သော ‘မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်’ဇာတ်ကားအား ပြန်လည် ရိုက်ကူးထားသည့် Action Drama ဇာတ်ကားကို စက်တင်ဘာလတွင် အဆင့်မြင့်
ရုပ်ရှင်ရုံကြီးများ၌ ပြသသွားမည်ဖြစ်သည်။ ၄င်းဇာတ်ကားကိုဒါရိုက်တာသီဟကျော်စိုး ရိုက်ကူးထားပြီးသရုပ်ဆောင်နေမင်း၊အေးမြတ်သူတို့ ပါဝင်သရုပ်ဆောင်ထားသည်။ မကြာမီရုံတင်တော့ မည်ဖြစ်သည့် အဆိုပါ
ဇာတ်ကားနှင့် ပတ်သက်၍ အေးမြတ်သူကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။

►စက်တင်ဘာလမှာပြသမယ့် ‘မအေး ပွင့် မြင့်မြင့်စန်းလမ်းသုံးဆယ်’ဇာတ်ကားနဲ့ပတ်သက်ပြီး အကယ်ဒမီ တန်းဝင်တယ်လို့ ကိုယ့်ကိုယ် ယုံကြည်မှု ရှိပါသလား။

⭐“မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်”
ဇာတ်ကားကအက်ရှင် Only ဖြစ်တယ်။ ဒီကား
နဲ့ပတ်သက် ပြီး အေးမြတ်သူ အကယ်ဒမီတန်း ဝင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် မသတ်မှတ်ပါဘူး။
နောက်တစ်ကား’မေထုန် ရာသီဖွား’ ကလည်း ယောက်ျား နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ကား ဖြစ်တယ် ဆိုတော့ အကယ်ဒမီ မှန်းရလောက် အောင်ထိ
မဖြစ်ပါဘူး။ အေးမြတ်သူ မှန်းလည်းမမှန်းပါဘူး။

►ဒီဇာတ်ကားက တစ်ခေတ်တစ်ခါက အင်မတန်နာမည်ကြီးပြီး ရုံဝင်ငွေ အမြင့်ဆုံးထိ ဖြစ်ခဲ့ဖူးတဲ့ကားတစ် ကားဖြစ်တယ်။ အေးမြတ်သူ အလှည့်မှာရော ဘယ်လောက်ထိ မျှော်မှန်းထားပါသလဲ။

⭐ဒီဇာတ်ကားက အန်တီခင်သီတာထွန်းနဲ့ ဦးနေအောင် ခေတ်ကတည်းက ပေါက်ခဲ့တဲ့
ကားပါ။ သူ့ ခေတ်သူ့အခါကဆိုရင် တော်တော် ကို အောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ကား
ဖြစ်တယ်။ အေးမြတ်သူ အတွက် ဒီကားက စိန်ခေါ်မှုတစ်ခု ပါပဲ။ အန်တီခင်သီတာထွန်းနဲ့ တော့မယှဉ်ရဲပါဘူး။ ကိုယ့်အိုက်တင် နဲ့ကိုယ် ကြိုးစားထားတယ်။ ဒီ ဇာတ်ကားမှာ အေးမြတ်သူအပါ အဝင် အားလုံးပင်ပန်းထားတဲ့ ကားဖြစ်တယ်။ လိုကေးရှင်းတွေ မထပ်အောင် အဝေးကြီးသွားရိုက်ရတယ်။ ပြည်မှာရှိတဲ့ ရွာတွေ၊ကျောက်ဖျာတွေမှာသွားရိုက်တယ်။ အရိပ်ဆိုတာလည်း မရှိ ဒါရိုက် တာ၊ မင်းသား၊ မင်းသမီးတွေ ထက် လူကြမ်းတွေ၊ စက်အဖွဲ့ သားတွေက ပိုပင်ပန်းပါတယ်။ ရုံတင်မှာ
ဆိုတော့ အရမ်းကိုရင်ခုန်တယ်။ ဘယ်လောက်ထိမျှော်မှန်း ထားလဲဆိုတော့ အများကြီးမျှော်လင့်ထားတယ်။ ပရိသတ်တွေ စိတ်မဝင်စားမှာ အားမပေးမှာကို ကြိုတွေးပြီး စိတ်ပူပါတယ်။

►၂ဝ၁၃ ခုနှစ် က တည်း ကရိုက်ကူး ထားတယ် ဆို တော့ သုံးနှစ် နီးပါး ကွာဟနေတယ်။ ဒါကိုရော ဘယ်လိုမျိုး သက် ရောက်မှုတွေရှိမယ် လို့ သုံးသပ်မိပါသလဲ။

⭐အဓိက ကတော့ ထုတ်လုပ်သူအတွက် စိတ်ပူတယ်။ ၂ဝ၁၃ ခုနှစ်ကတည်း ကဆိုတော့ ခေတ်ရေစီးကြောင်း အရ အေးမြတ်သူ
အသက်လည်း ကြီးလာပြီ။ မင်းသမီးအငယ်
လည်း မဟုတ်တော့ဘူး။ အဲဒါကိုတော့ သုံးသပ်မိတယ်။ ဒါပေမယ့်ဒါရိုက်တာ ရော
ထုတ်လုပ်သူရော ဈေးကွက် ကိုစိတ်မဝင်စားဘဲ ဇာတ်ကောင် ပီပြင်ဖို့အတွက်ပဲကြည့်ပြီး အေး မြတ်သူကို ကြိုးစားနိုင်အောင် အခွင့်အရေးပေး ကမ်းလှမ်းခဲ့တဲ့ အတွက် ကျေးဇူးတင်တယ်။ အကောင်းဆုံး ကြိုးစားထားတဲ့ အတွက် ပရိသတ်တွေဘက် ကလည်း အေးမြတ်သူ ကြိုး စားမှုနဲ့ တစ်ဖွဲ့လုံးရဲ့ အား ထုတ်မှုတွေကို အသိ အမှတ်ပြုပြီး အားပေးမယ်လို့ မျှော်လင့်ပါတယ်။ သုံးနှစ်ဆိုတော့ အသက်အရွယ်အရက တော့ သုံးနှစ်ပိုကြီး သွားတာပေါ့။

►ဒီကားမှာ အက်ရှင်ပိုင်းတွေ လူစားထိုးလုပ်
တာလား၊ကိုယ်တိုင်သရုပ်ဆောင်ထားတာလားရှင့်။

⭐တစ်ကားလုံးနီးပါး အေးမြတ် သူကိုယ်တိုင် ဖိုက်တင်ချတယ်။ လူ အစားထိုးတာ မရှိသလောက်ပါပဲ။ အက်ရှင်ဆိုတော့ အိုက်တင်တွေ ပီပြင်ဖို့ ကြိုတင်လေ့ကျင့် သင်ယူ ရတဲ့ အပိုင်းတွေလည်း အများကြီး ရှိတယ်။ ဖိုက်တင်ချတဲ့ အခန်းဆို လည်းထဘီ နဲ့ ချ
ရတယ်။ ကတ် တော်တော်များများကို ကိုယ်တိုင် ပဲချတယ်။ လာငှားကတည်းက လူစားထိုးတာ
လျှော့ချင်တယ် ဖြစ်နိုင်ရင် အစားမထိုးချင်ဘူး ပြောတော့ ကိုယ့်ဘက်ကသေချာ ပြင်ဆင်ထား
တယ်။ နောက်တစ်ခုက အရင်က ဇာတ်လမ်း
ဖြစ်တဲ့အတွက် အတူတူဖြစ်နေတော့ ရိုက် ချက်မတူအောင်အားလုံးက ကြိုးစားထားတဲ့
ကားဖြစ်တယ်။ သေချာအာမခံနိုင်တာ တစ်ခု
ကတော့ အရင် ‘ဂျက်မ’ထက် အက်ရှင်တွေ
ပိုကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ် ကားလုံး ကိုယ်တိုင်ဖိုက်တင်ချတယ်။

►ဒီကားမှာ အမြင်ရိုင်းတဲ့အခန်းတွေ မပါဘူးနော် ။

⭐တချို့ကရိုင်းတယ်ထင်ကောင်း ထင်ကြတယ်။ ဒါကဝတ္ထုထဲမှာကို ကပါတယ်။ ဇာတ်ဝင်ခန်း
တွေအရ ပါပဲ။ တစ်ခေတ်တစ်ခါကလည်း ဒီဇာတ်ဝင်ခန်းပါတယ်။ ထွေထွေထူးထူး
ဖြစ်အောင်လို့ အထူးတလည် ထည့်ထားတာ မဟုတ်ပါဘူး။

►လတ်တလောအနုပညာလှုပ်ရှားမှုတွေကိုလည်း ပြောပြပေးပါဦး။

⭐အခုလာငှားတဲ့ ကားတွေကို စိစစ်တာ နည်း
ပါတယ်။ ကိုယ်ရိုက်ချင်တဲ့ကားပဲ ထိုင်စောင့်
နေလို့ မဖြစ်ဘူး။ ကိုယ့်ဆီလာတဲ့ကားကိုပဲ မရိုက်ဘူးနေလိုက်ရင် ပရိသတ်တွေနဲ့ ဝေး
သွားမယ်။ ကိုယ်ကငြင်း လိုက်တာနဲ့ နောက်မင်းသမီး တစ်ယောက်က အဆင်သင့်
ရှိတယ်။ ဗီဒီယိုသိပ်မငှားကြဘူး။ ရုပ်ရှင်ကားကြီး
ပဲ လာကမ်းလှမ်းတယ်။ ရုပ်ရှင်ကားကြီးအနေနဲ့ စက်တင်ဘာလမှာတစ်ကား ဒီဇင်ဘာလမှာ တစ်ကား လက်ခံထားတာရှိတယ်။ လတ်တလောတော့ မင်းမော်ကွန်း နဲ့ ရဲအက်ရှင်
ကားတစ်ကားရိုက်ကူးနေပါတယ်။

credit: ထူးထူး Popular Journal
Powered by Blogger.