ချစ်သုဝေရဲ့ အမွှာကိုယ်ဝန်က သမီးလေးတွေပါ

ချစ်သုဝေရဲ့ လက်ရှိကိုယ်ဝန်က အမွှာပူးလေးလို့ သိရပါတယ်။ မိခင်ဖြစ်တော့မယ့် ချစ်သုဝေရဲ့ ခံစားချက်တွေကို မေးကြည့်ရာ “ထရီဇာတို့က အစောကြီးက

တည်း ကလေးချစ် တတ်တာဆိုတော့ အမွှာလေးဆိုကတည်းက ပျော်နေကြပြီလေ။ အခုလိုလေးသိရတော့ ပိုဝမ်းသာပါတယ်။ အခုချိန်မှာတော့ ကလေးတွေ 

ကျန်းကျန်းမာမာနဲ့ မွေးလာဖို့ပါပဲ . . .မွေးပြီးမှပဲ ကလေးတွေအတွက် ထရီဇာတို့ အနေနဲ့ ဘယ်လိုတွေလုပ်ပေးနိုင်မလဲ ဆိုတာတွေကို စဉ်းစားမယ်။


မိဘကောင်း တစ်ယောက် ဖြစ်အောင်ကြိုးစားသွားမှာပါလို့ ပြောပါတယ်။ အနုပညာအလုပ်တွေခဏနားလို့ပရိသတ်နဲ့အဆက်ပြတ်မှာ မစိုးရိမ် ဘူးလား 

လို့မေးကြည့်ရာ မစိုးရိမ်ပါဘူး ဘာလို့လဲဆိုတော့ ထရီဇာ Facebook သုံးတယ်လေ။ Online  ကနေအဆက်အသွယ်တော့ ရှိနေမှာပဲ။ 

အခုကိုယ်ဝန်နဲ့လည်း  ထရီဇာကကြော်ငြာတွေ ရိုက်ထားတယ်။ ထရီဇာအတွက်လည်း အမှတ်တရဖြစ်တယ်။ ကလေးတွေအတွက်လည်း အမှတ် 

တရဖြစ်သွားတယ်။ ထရီဇာ ပရိသတ်က ထရီဇာ အပြင် ကလေးတွေ အတွက်ပါ ချစ်ခင်စိတ်ပူပေးကြတဲ့ အတွက် ကျေးဇူးအထူးပါလို့ ”

ပြောပါတယ်။ 


Credit - Oasis Journal

Powered by Blogger.