အင်ဒိုနီးရှားမှာ သင်းခွေချပ် အကောင် ၆၀၀ ကျော် ရေခဲရိုက်သိမ်းထားတဲ့လူကို ဖမ်းဆီး

သင်းခွေချပ်တွေဟာ ရေခဲရိုက်ခံထားရတဲ့အတွက် အခြေအနေအတော့်ကို ဆိုးရွားပြီး သေလုမျောပါး ဖြစ်နေပြီလို့လည်း သိရပါတယ်။

ဒီအမျိုးသားရဲ့ နေအိမ်မှာ ရေခဲသေတ္တာတွေ အများအပြားရှိတာကို အနီးတစ်ဝိုက်က လူတွေက သင်္ကာမကင်းဖြစ်လာရာကနေ ရဲတပ်ဖွဲ့က အိမ်ထဲဝင်မွှေနှောက် ရှာဖွေရာမှာ ခုလို တွေ့ရှိခဲ့တာပါ။ ဒီလူရဲ့အိမ်ဟာ ဂျာဗားကျွန်းပေါ်က ဂျွန်ဘန်ခရိုင်မှာ တည်ရှိတာပါ။


သင်းခွေချပ်အကောင်ရေ ၆၅၇ ကောင်ကို ပလတ်စတစ်အိတ်တွေနဲ့ထုတ်ထားပြီး ရေခဲသေတ္တာကြီးငါးလုံးနဲ့ ခွဲသိမ်းထားတာလို့ အရှေ့ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရာဒင်ပရာဘိုဝိုအာဂိုယူဝိုနိုက AFP ကို ပြောပါတယ်။ ဒီအမျိုးသား အသက် ၅၅ ရှိတယ်ဆိုတာကလွဲလို့ အခြားအသေးစိတ်ကိုတော့ ရဲက မထုတ်ပြန်ခဲ့ပါဘူး။ လောလောဆယ် သူ့ကို ဖမ်းထားပေမဲ့ အင်ဒိုနီးရှားရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအရ အမှုတည်ဆောက်နေစဉ်မှာတော့ သူ့ကို သံသယတရားခံတစ်ယောက်အဖြစ်ပဲ သတ်မှတ်ထားပါတယ်။


ပြစ်မှုထင်ရှားရင်တော့ အမျိုးသားဟာ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေချိုးဖောက်မှုအရ ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ် ရူပီယာ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၇၅၆၅) ပေးဆောင်ရနိုင်ပါတယ်။ “သူပြောတာတော့ ဒီသင်းခွေကျပ်တွေက သူ့ဟာ မဟုတ်ဘူးတဲ့။ သူ့မှာ ရေခဲသေတ္တာတွေရှိလို့ သူ့မိတ်ဆွေက သိမ်းခိုင်းထားတာလို့ ပြောတယ်”လို့ ရာဒင်ပရာဘိုဝိုအာဂိုယူဝိုနိုက ပြောပါတယ်။ သင်းခွေကျပ်တွေကို သူမရောင်းကြောင်းနဲ့ ဘယ်ကပို့မယ့်ဟာဆိုတာလည်း ရဲတွေကို မပြောပြပါဘူး။


သင်းခွေချပ်ဟာ တရုတ်နိုင်ငံမှာ ဈေးကောင်းပေးရတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပြီး ဆေးဖော်တဲ့နေရာမှာလည်း သုံးလေ့ရှိပါတယ်။ အသားအပြင် အရေခွံနဲ့ ကြေးခွံကလည်း ဖိနပ်လိုမျိုး ဖက်ရှင်ပစ္စည်းတွေ လုပ်ရာမှာ အသုံးဝင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားက သင်းခွေချပ် မျိုးစိတ်ဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပြီ ဖြစ်ပါတယ်။


Ref: AFP

http://www.mcntv.biz/news/international-news/15030/

Powered by Blogger.