မိသားစုဝင်တွေရဲ့ အဓမ္မကျင့်ခြင်းကိုခံခဲ့ရပြီး မီးရှို့သတ်ခံရတဲ့ကောင်မလေး


***************************************

အသက်အရွယ် ဆယ်နှစ်သာရှိသေးတဲ့ Victoria Martens ဟာ အဓမ္မကျင့်ခံခဲ့ရပြီး လည်ပင်းကိုလည်း
အညှစ်ခံခဲ့ရသလို၊ ခန္ဓာကိုတစ်ခုလုံး အပိုင်းပိုင်း ဓားနဲ့ ခုတ်လှီးခံခဲ့ရပြီးနောက် မီးအရှို့ခံခဲ့ရပါတယ်။ ဒီလောက် ရက်စက်ပုံ
ထောက်ရင် တရားခံဟာ လူစိမ်းတွေဖြစ်မယ်လို့ ထင်စရာ ရှိပါတယ်။ မဟုတ်ပါ။ ဒီအမှုကို ကျူးလွန်ခဲ့သူတွေကတော့ Victoria ရဲ့ အမေ Michelle Martens နဲ့ သူမရဲ့ နောက်ရည်းစား Fabian Gonzales ဖြစ်ပြီး နောက်တစ်ယောက်က
တော့ Gonzales ရဲ့ ညီမ၀မ်းကွဲ Jessica Kelley တို့ ဖြစ်ပါတယ်။

Victoria ရဲ့ အလောင်းအစအနတွေကို ရေချိုးခန်းသုံး မီးလောင်ထားတဲ့ ရေချိုးခန်းသုံး ကြွေရေကန်မှာ ရဲတပ်ဖွဲ့က ရှာဖွေတွေရှိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးအလွန်အကျွံအကျွေးခံထားရပြီး ရက်ရက်စက်စက် အဓမ္မကျင့်ခဲ့ထား
ရတာကို တွေ့ရှိခဲ့ပါတယ်။ Victoria ဟာ သူမရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ ပြင်းထန်မူးယစ်ဆေး Methamphetamine ထိုးသွင်းခံခဲ့ရကာ အမေအရင်းဖြစ်သူနဲ့ အပေါင်းအပါတွေရဲ့ လူမဆန် ရက်စက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ်မှာ ဖြစ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဟာ Albuquerque မြို့ Irving Boulevard ရပ်ကွက် Arroyo Villas Apartment Complex အနီးမှာ တစ်စုံတစ်ယောက်က မသင်္ကာဖွယ်ရာတွေ့ရှိကြောင်း အကြောင်းကြားခဲ့လို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ၀င်ရောက်စစ်ဆေးရင်း လူမမယ် ကလေးမလေးရဲ့ အလောင်းကို စောင်နဲ့ပတ်ပြီး ရေချိုးခန်းထဲက ရေစိမ်ကြေခွက်ထဲကို ထည့်ကာ မီးရှို့ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲ Gordon Eden က ” ဒါဟာ ကျွန်တော်တို့လူမှု အသိုင်းအ၀န်းအတွက် အလွန်ကြောက်စရာ ကောင်းတဲု့လုပ်ရပ်ပါ … လူထုကို ပြောချင်တာက … ဒီအမှုအတွက် တရားမျှတမှုနဲ့ ထိုက်တန်တဲ့ အပြစ်တွေ ပေးသွားဖို့ လို
အပ်တဲ့ စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ် .. “လို့ ပြောခဲ့ပါတယ်။

အမှုဖြစ်စဉ်ကိုဖြောင့်ချက်ပေးတဲ့ Victoria ရဲ့ အမေဖြစ်သူ Martens ရဲ့ ပြောစကားအရ Gonzales ဟာ ကလေးမလေးကို အရင်ဆုံး မူးယစ်ဆေးတွေ ကျွေးကြောင်း၊ နောက် အဓမ္မကျင့်ကြောင်း၊ Jessica က ၀င်ရောက်ချုပ်ကိုင်ပေးရင်း လက်ကို အကိုက်ခံခဲ့ရလို့ Victoria ရဲ့ဗိုက်ကို ဓားနဲ့ခွဲခဲ့ကြောင်း၊ နောက် Gonzales က လည်ပင်းကို ညှစ်သတ်ခဲ့ကြောင်း၊ ပြီးတော့ ၎င်းတို့နှစ်ယောက်က သမီးရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ အစိတ်စိတ်အမွှာမွှာ တုံးတစ်ပြီး စောင်နဲ့ထုတ်ကာ မီးရှို့ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

Gonzales နဲ့ Martens တို့ဟာ တွဲလာတာ တစ်လ၀န်းကျင်သာရှိသေးပြီး Jessica ကတော့ အမှုတစ်ခုကြောင့် ထောင်ကလွှတ်လာပြီး Martens တို့အိမ်ကို လာရောက်နေထိုင်ခဲ့သည်မှာ လေးရက်သာ ရှိသေးကြောင်း သိရပါတယ်။ Gonzales ဟာ အခြားကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပါ စွဲချက်တင်ခံထားရပြီး အခုအခါမှာ အလိုတူအလိုပါ ဖြစ်ခဲ့တဲ့ မိခင်အရင်း Martens နဲ့ အခြားနှစ်ယောက်ကို ဥပဒေအရ ပြစ်ဒဏ်စီရင်နိုင်တော့မှာပါ။

ဒါပေမယ့် ကလေးမလေး အမှန်တကယ်သေးဆုံးရတဲ့ အကြောင်းအရင်းကို ဆေးစစ်ချက်တွေအရ စောင့်ဆိုင်းနေပါတယ်။ ဒီကြားထဲမှာ Gonzales နဲ့ Jessica ဟာ ပြူတင်းပေါက်ကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့လို့ ရဲတပ်ဖွဲ့က ၀ိုင်းဝန်းရိုက်
နှက်ထားဖမ်းဆီးထားတဲ့ ဒဏ်ရာတွေနဲ့မို့ ခြေချုပ်နဲ့ ဆေးရုံမှာ တက်ရောက် ကုသနေပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk
Powered by Blogger.