ငလျင်ဒဏ်ကြောင့် ကျောက်ဖြူမှာ ရွှံ့မီးတောင် ပေါက်ကွဲမှုဖြစ် ရုပ်သံ

==================================
သြဂုတ်လ ၂၄ရက်နေ့ ညနေပိုင်း ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ငလျင်ဒဏ်ကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စေမော်ကျေးရွာနဲ့ ကြတ္တိန်ကျေးရွာသွားလာလမ်းဘေး တောင်ပေါ်က ဒေသခံ အခေါ်အရ ကြက်သေနဂါးခေါ်မီးတောင်ဟာ ၅နာရီခွဲအချိန်က ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ပါတယ်။ အချိန် မိနစ်၃၀လောက် ကြာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကျောက်ဖြူ ရွံ့မီးတောင်လည်း ငလျင်ဒဏ်ကြောင့် ပေါက်ကွဲထွက်လာခဲ့ပါတယ်။ အမြင့်ပေ ၂၀ ထိတက်ပြီးတော့ ပေ ၄၀ လောက်အထိ ရွံ့ရည်တွေ ဖုံးလွှမ်းသွားခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။ ရွှံ့မီးတောင် ပေါက်ကွဲမှုမှာ လူနေအိမ်ခြေထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

သတင်း ထွန်းထွန်းနိင်(ကျောက်ဖြူ )
video – ဓည လင်း
Powered by Blogger.